Main menu

Background

ပြည်တွင်းစိန်ဈေးကွက်ငြိမ်သက်နေ

Tue, 01/26/2010 - 05:41 -- Anonymous (not verified)

    ယခုတစ်ပတ်စိန်ဈေးကွက်တွင် အိန္ဒိယစိန်ဈေးကွက်မှာ စိန် (အသန့်) ဈေးနှုန်းများ တက်ပြီး ရင်းတက်နေတဲ့အတွက် ပြည်တွင်းဈေးကွက်တွင် ဈေးငြိမ်နေကာ အရောင်းအဝယ်ပုံမှန်သာ ရှိ နေတယ်လို့ စိန်ရောင်းဝယ်သူတစ်ဦးက ဆိုပါတယ်။    ''အခုအိန္ဒိယမှာ စိန်အသန့်ဈေးက တက်ပြီးရင်း တက်နေတဲ့အတွက် ပြည်တွင်းဈေးက ထူးထူး ခြားခြားမရှိဘူး၊ လတ်တလော ဈေးကွက်အေးနေတယ်။ နောက်ပြီး ပြည်တွင်းစိန်ဈေးကွက်မှာ ကိုရီးယားစိန်အတုကြောင့် ဂယက်ရိုက်နေတယ်။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ အတုက အတု၊ အစစ်က အစစ်ဆိုတာ နောက်ပိုင်းကွဲကွဲပြားပြားဖြစ်လာမှာပါ။ အရောင်းအဝယ်က ပုံမှန်ပါဘဲ။ စိန် ဈေး ကွက်ရဲ့ အဓိကလဖြစ်တဲ့ မတ်လလောက်ကျရင်တော့ ထင်သာမြင်သာဖြစ်လာမယ်လို့ မြင်ပါ တယ်'' လို့  ၎င်းကဆိုပါတယ်။     ယခုတစ်ပတ်တွင် ဖြစ်ပေါ်နေသော စိန်ဈေးနှုန်းများမှာလည်း အမျိုးအစားအလိုက် အောက်ပါ အတိုင်းဖြစ်ပါတယ်-                  အဖြူသန့်            ကျင်ဖြူ၄ လုံးစီး    ၁၂ .ဝ သိန်းခန့်   ၃ .၅ သိန်းခန့်၆ လုံးစီး    ၁ဝ .၄ သိန်းခန့်   ၃ .ဝ သိန်းခန့်၇ လုံးစီး      ၉ .၃ သိန်းခန့်   ၂ .၈ သိန်းခန့်၈ လုံးစီး      ၈ .၈ သိန်းခန့်   ၂ .၅ သိန်းခန့်၁ဝ လုံးစီး    ၇ .ဝ သိန်းခန့်   ၂ .၂ သိန်းခန့်၁၂ လုံးစီး    ၆ .၃ သိန်းခန့်   ၂ .ဝ သိန်းခန့်၁၅ လုံးစီး    ၆ .ဝ သိန်းခန့်   ၁ .၉ သိန်းခန့်၂ဝ လုံးစီး    ၅ .၅ သိန်းခန့်   ၁ .၈ သိန်းခန့်၃ဝ လုံးစီး    ၅ .၂ သိန်းခန့်   ၁ .၇ သိန်းခန့်၄ဝ လုံးစီး    ၄ .၇ သိန်းခန့်   ၁ .၆ သိန်းခန့်မင်းသန့်