Main menu

Background

ပြည်ပတင်ပို့သည့် ရေထွက်ကုန်အချို့ ဈေးနှုန်းပြောင်းလဲသတ်မှတ်

Mon, 01/11/2010 - 06:51 -- Anonymous (not verified)

   ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိသည့် ရေထွက်ပို့ကနု်ပစ္စည်းများမှ တချို့သော ငါးများကို ဒီဇင်ဘာလ နောက်ဆုံးပတ်မှစတင်၍ ငါးလုပ်ငန်းဦးစီးဌာနက ဈေးနှုန်းပြောင်းလဲသတ်မှတ်လိုက်ပြီဖြစ်သည်။    ''ရေချိုငါးတွေထဲက ငါးတန်၊ ငါးပတ်၊ ငါးရံ့၊ ငါးကြင်း၊ ကကတစ်၊  ငါးဖယ်၊ ငါးပြေမ၊ ငါးသန်ချိတ်၊ ငါးဘဲဖြူ၊ ငါးကျီး၊ ငါးသလဲထိုး၊ ငါးသလောက်၊ ငါးသင်းဝါစတဲ့ ငါးတွေကို မူလဈေးနှုန်းကနေ ဒေါ်လာ ၂၀ က ၂၀၀ အထိ၊ ငါးရွှေ၊ ငါးဘုရင်၊ ကကတစ်၊ ကျောက်ငါး၊ ငါးသင်းဖြူ၊ ငါးပြားစတဲ့ ရေငန်ငါး တွေကို မူလဈေးကနေ ဒေါ်လာ ၅၀ က ၁၀၀ အထိတိုးမြှင့်သတ်မှတ်လိုက်ပါတယ်၊ ဒီနှုန်းတွေက ၁ တန်ပေါ်မှာ တိုးမြှင့်လိုက်တာပါ'' ဟု ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပြသည်။    မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနအနေဖြင့် ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ် ဝင်ငွေလျာထားချက်ပြည့်မီရန်အတွက် ပြည်ပသို့တင်ပို့ လျက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများအား မူလထက်တိုးမြှင့်သတ်မှတ်မှုကို ၂၀၀၉ ခုနှစ် စက်တင်ဘာလက စတင်ပြောင်းလဲပြင်ဆင် ခဲ့ရာ၊ ရေချိုရေငန်ငါးများကို မူလကထက် ၁၀ ရာခိုင်နှုန်း၊ ရေချိုရေငန်ပုစွန်များကို မူလကထက် ၅ ရာခိုင်နှုန်း တိုးမြှင့် သတ်မှတ်ခဲ့ ကြောင်းသိရသည်။ခင်မျိုးသွယ်