Main menu

Background

ပြည်ပနိုင်ငံများသို့ ပညာသွားရောက် မသင်ကြားမီ မိမိသင်ကြားမည့်ကျောင်းကို အရင်လေ့လာသင့်

Fri, 01/08/2010 - 03:41 -- Anonymous (not verified)

    ယခုအခါတွင် မြန်မာနိုင်ငံမှာ ပြည် ပနိုင်ငံများဖြစ်သော ယူကေ၊ အမေရိ ကန်၊ မလေးရှား၊ စင်ကာပူအစရှိသော နိုင်ငံများသို့ ပညာသွားရောက်သင်ယူမှု များလာပြီး သွားရောက်သင်ကြားရာ တွင်လည်း မိမိရွေးချယ်မည့်ကျောင်းမှာ မှန်ကန်မှုရှိစေရန် လိုအပ်ကြောင်း၊ ပြည်ပ ပညာရေးလေ့လာသူတစ်ဦးကအကြံပြု ပြောကြားသည်။    ''အခုဆိုရင် အတုအယောင် ကျောင်းတွေက နိုင်ငံတာမှာရှိတယ်၊ တလောကတွင် စင်ကာပူမှာ ဘွဲ့လက် မှတ်အတုတွေပေးလို့ ပြဿနာဖြစ်သေးတယ်။ ကျောင်းကိုရွေးချယ်မယ်ဆိုရင် အစိုးရပိုင်ကျောင်းတွေကို ရွေးချယ်တာပိုကောင်းတယ်၊ အာမခံချက် အပြည့်အဝရှိတယ်၊ ယူကေဝက်ဘ်ဆိုက်ထဲ မှာ ဆိုရင်လည်း ကျောင်းတွေရဲ့စာရင်းကို ''A''အုပ်စုဝင်လိုင်စင်ရကျောင်းနဲ့ ''B'' အုပ်စု ဝင်လိုင်စင်ရကျောင်းဆိုပြီးဖော်ပြထားတယ်။ ''A''အုပ်စုကိုပဲ ရွေးချယ်သင့် တယ်၊ ''B''အုပ်စုကျောင်းတွေက လိုင်စင် ''B''ကိုထုတ် ပေးထားပြီး ခြောက်လအတွင်း ''A''ရအောင်ကြိုးစားရတယ်၊ မရရင်ကျောင်းပိတ်ခံရတယ်။ ဒီလို ကျောင်းမှာတက်မိရင် ကျောင်း သားခနှစ်ခါကုန်တယ်။ ကျောင်းပိတ်ခံရရင် ကျောင်းသားကိုအခြားကျောင်းပြောင်းဖို့ ခြောက်လအချိန်ပေးတယ်၊ မပြောင်းရင် ကိုယ့် နိုင်ငံပြန်ပို့ခံရတယ်''ဟု ၎င်း၏ အတွေ့အကြုံကိုပြောပြသည်။    အဆိုပါ ယူကေနိုင်ငံတွင် ''A''အုပ်စု ဝင်လိုင်စင်ရကျောင်းပေါင်း ၈ဝဝ ကျော် ရှိပြီး၊ ''B'' အုပ်စုဝင် လိုင်စင်ရကျောင်း ပေါင်း ၂ဝဝ ကျော်ရှိကြောင်းနှင့် ယူကေ ဝက်ဘ်ဆိုက်သို့ဝင်ရောက်လေ့လာသူများ အနေဖြင့် www.ukba.homeofficego.uk သို့ဝင်ရောက်၍ approved centre တွင်ဝင်ရောက်လေ့လာနိုင်ကြောင်းသိရ သည်။