Main menu

Background

ပြည်ပနိုင်ငံရှိ ယူရှီဒိုးဆံပင်သင်တန်း တက်ရောက်လိုသူများကို အခမဲ့စေလွှတ်မည်

Wed, 01/20/2010 - 06:08 -- Anonymous (not verified)

    ဟောင်ကောင်နှင့် တရုတ် နိုင်ငံတို့ရှိ ယူရှီဒိုးဆံပင်အလှပြင် သင်တန်းများသို့တက်ရောက်လိုသူများ အား  RDC Co မှ အခမဲ့ စေလွှတ်ရန် စီစဉ်နေပြီဖြစ်သည်။   သင်တန်းသို့တက်ရောက်လိုသူသည် သင်တန်းပြီးဆုံးပါက ယူရှီဒိုးထုတ်ကုန်များနှင့် Beauty Sloon ဆိုင်ဖွင့်မည့်သူဖြစ်ရန် လိုအပ်သည်ဟုဆိုသည်။ သင်တန်းသို့တက်ရောက်ရာတွင်ဆံပင် ပညာနှင့် ပတ်သက်၍ အတွေ့အကြုံရှိ ပြီးပါက ၆လ(သို့မဟုတ်) ၁ နှစ် တက်ရောက်ရမည်ဖြစ်ပြီး၊ အတွေ့အကြုံမရှိပါက ၁နှစ် (သို့မဟုတ်)၁နှစ်ခွဲ တက်ရောက်ရမည်ဖြစ်သည်။ ယင်းသို့ သင်တန်း သားများစေလွှတ်ရန်အတွက် ကုန်ကျမည့်ပညာသင်စရိတ်၊နေစရိတ်နှင့် နိုင်ငံကူးလက်မှတ်များကိုပါ ကုမ္ပဏီက ကျခံပေးမည်ဟု ဆိုသည်။ သင်တန်းပြီး ဆုံးခါနီး ၃လ အလိုတွင် သွားရောက်သည့်နိုင်ငံရှိ ယူရှီဒိုးဆံပင်ဆိုင်ခွဲများတွင် လက်တွေ့ ၃လ ဆင်းရ မည်ဖြစ်သည်။ သင်တန်းသားအနေဖြင့် ဟောင်ကောင်နှင့် တရုတ်နိုင်ငံတစ်ခုခုတွင် တက်ရောက်ရန်ကို ယူရှီဒိုး(ဟောင်ကောင်) မှ ဆုံးဖြတ်ပေးမည်ဟုဆိုသည်။    အဆိုပါပြင်ပနိုင်ငံများသို့ သင်တန်းသားများစေလွှတ်ရာတွင် တစ်ကြိမ်လျှင် ၆ ဦးစီရွေးချယ်စေလွှတ်မည် ဖြစ်ကြောင်း သိရသည်။