Main menu

Background

ဖာဂူဆန်ရဲ့သားဖြစ်သူ ဒါရင်းဖာဂူဆန်လိဂ်ချန်ပီယံရှစ်ကလပ်ပရက်စတန်အား ကိုင်တွယ်မည်

Sat, 01/16/2010 - 11:53 -- Anonymous (not verified)

   အင်္ဂလိပ်လိဂ်ချန်ပီယံရှစ်ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ပီတာဘရော့ အသင်းရဲ့နည်းပြရာထူးမှထုတ်ပယ်ခံခဲ့ ရတဲ့ ဒါရင်း ဖာဂူဆန်ဟာ အဆိုပါလိဂ် ချန်ပီယံရှစ်အသင်းတစ်သင်းပင်ဖြစ်တဲ့ ပရက်စတန်အသင်းရဲ့နည်းပြအဖြစ် ပြောင်းလဲတာဝန်ယူတော့မှာ ဖြစ်ပါတယ်။   ပရက်စတန်အသင်းဟာနည်းပြဖြစ်တဲ့ အာဗင်း (၅၁ နှစ်)ကိုရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် မန်ယူအသင်းရဲ့ နည်းပြဖာဂူဆန်ရဲ့ သားဖြစ်သူ ဒါရင်းဖာဂူဆန် (၃၇ နှစ်)ကို နည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ပရက်စတန် အသင်းရဲ့ဥက္ကဌဖြစ်တဲ့ ဒါရက်ရှောက ဒါရင်းဖာဂူဆန်ဟာ ထက်မြက်တဲ့နည်းပြတစ်ဦးဖြစ်ပြီး၊ ပရက်စတန်အသင်းရဲ့နည်းပြရာထူးနဲ့ ထိုက်တန်သူတစ်ဦးဖြစ်ကြောင်း ပြော ကြားခဲ့ပါတယ်။