Main menu

Background

ဖူလ်ဟမ်အသင်းနည်းပြ ရွိုင်ဟော့ဆန် စာခုျပ်သက်တမ်းတိုးမြှင့်

Mon, 01/11/2010 - 08:08 -- Anonymous (not verified)

   အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ် (၁၉)ပွဲအပြီးမှာရလဒ်များကောင်းမွန်လျက်ရှိတဲ့ ဖူလ်ဟမ်အသင်းဟာနည်းပြ ရွိုင်ဟော့ဆန်ကို စာချုပ်သက်တမ်းတစ် နှစ်ထပ်မံတိုးမြှင့်လိုက်ပါတယ်။   ဖူလ်ဟမ်အသင်းဟာ လက်ရှိအ ခြေအနေမှာ ပွဲစဉ်(၁၉)ပွဲကစားပြီး ၇ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၆ ပွဲရှုံးရလဒ်နဲ့     အဆင့်(၉)နေရာမှာ ရောက်ရှိနေတဲ့ အပြင် ယူရိုပါလိဂ်မှာလည်း ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ရလဒ် ကောင်း များရရှိနေတဲ့အသင်း တစ်သင်းလည်းဖြစ်ပါတယ်။ ရွိုင်ဟော့ဆန်ရဲ့ စာချုပ်သက်တမ်းကို ဒီဇင်ဘာလ ၃ဝ ရက်နေ့က သက်တမ်းတိုးမြှင့်ပေးခဲ့တာ ဖြစ်ပါ တယ်။ ရွိုင်ဟော့ဆန်က ''အသင်းက ကျွန်တော့်ကိုဆက်နေဖို့အလိုရှိတဲ့အတွက် အမှန်တကယ် ပျော်ရွှင်မိပါတယ်။ အသင်း အနေ နဲ့လက်ရှိအချိန်မှာ အကောင်းဆုံး ပုံစံရရှိနေတဲ့အပြင် အောင်မြင်မှုလမ်းကြောင်းပေါ်ကိုလည်း ရောက်ရှိနေပါပြီ''လို့ ပြောကြားခဲ့ပါ တယ်။