Main menu

Background

ဘယ်တော့မှ ဒုက္ခမပေးတဲ့ ူLenovo Think Centre A 58 Desktop PC

Tue, 01/19/2010 - 09:35 -- Anonymous (not verified)

    Branded PC တွေဟာ စက်တစ်စုံလုံးလုံးရဲ့ စုဖွဲ့လုပ်ဆောင်မှုပိုင်းမှာ Clone PC တွေထက်ပိုပြီး အရည်အသွေးကောင်းပါတယ်။Lenovo ရဲ့ Think  Centre A 58 ကတော့ စက်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုကို အကြိမ်ပေါင်း ၂ဝဝဝ လောက်အသေးစိတ် စေ့စေ့စပ်စပ် စမ်းသပ်ပြီးမှထုတ်လုပ်တာပါ။အပြည် ပြည်ဆိုင်ရာ စံနှုန်းများနဲ့ ကိုက်ညီပြီး အကြမ်းခံနိုင်တဲ့ Rock Solid အရည် အသွေးနဲ့ ထုတ်လုပ်ထားပါတယ်။ အခြား  PC တွေထက် သက်တမ်း ခြောက်ဆပိုမိုခံနိုင်ရည်ရှိတဲ့ Solid capacitor  တွေကို သုံးထားပါတယ်။ အချက်အလက်တွေ အလွယ်တကူကူးယူလို့မရအောင် ကာကွယ်ထားတဲ့လုံခြုံရေးစနစ် ပါဝင်တာကြောင့် ရုံးဌာနတွေနဲ့ ဘဏ်လုပ်ငန်းတွေ အတွက် အထူးသင့်တော်ပါတယ်။ သုံးရလွယ်ကူတဲ့ဒီဇိုင်းပုံစံနဲ့ စတိန်းလက်စတီးဖရိမ်နဲ့ဆင်ထားတာပါ။ 'ဘယ်တော့မှ ဒုက္ခမပေးဘူး' ဆိုတဲ့ Lenovo Think Centre A58 PC တစ်စုံကို ငွေကျပ်လေးသိန်းလေးသောင်း နီးပါးနဲ့ KMD အရောင်း စင်တာတွေမှာ ဝယ်လို့ရပါတယ်။- Intel Dual Core Processor E5300(2.6GHz, 800MHz FSB, 2MB L2 Cache)- Mobile Intel GM 45 Chipset- 1 GB DDR2 SDRAM- 320 GB SATA HDD (7200 rpm)- Dual Layer Multiburner Drive (DVD-RW)- Intel Graphics Media Accelerator X4500-18.5" wide screen Lenovo LCD- Built in Gagabit LAN - Free DOS - Internal Speaker- Lenovo Keyboad & Mouse - 1 Year Warranty