Main menu

Background

ဘရူနိုင်းနိုင်ငံတွင် ကျင်းပမည့် ASEAN Tourism Forum 2010 မြန်မာ့ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သူများ တက်ရောက်မည်

Tue, 01/19/2010 - 06:39 -- Anonymous (not verified)

ဘရူနိုင်းနိုင်ငံတွင် ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်မှ ၂၉ ရက်နေ့ အထိ ကျင်းပမည့် ASEAN Tourism Forum-2010 (ATF-2010) သို့ ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာန၊ ဝန်ကြီးနှင့်တာဝန်ရှိသူများ၊ မြန်မာ့ခရီးသွားမြှင့်တင်ရေးကုမ္ပဏီ၊ မြန်မာအဲဝေးအင်တာနေရှင်နယ်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများတက် ရောက်မည်ဟု သိရသည်။ ATF-2010  တွင် အာဆီယံများမှ ပြခန်းများခင်းကျင်းပြသသွားမည့် အပြင် အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်း ဖတ်ပွဲများ၊ ရောင်းချသူများနှင့် ကမ္ဘာ တစ်လွှားမှ ဖောက်သည်များ တွေ့ဆုံခြင်းစသည်ဖြင့် ခရီးသွားလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲများပါဝင်မည် ဖြစ်သည်။ အဆိုပါ ဖိုရမ်တွင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ သဘာဝ အလှများကို ပြသကာပြည်ပ ခရီးသွား များကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ၂ဝ၁ဝ ခုနှစ်ထဲတွင် စပိန်၊ အီတလီ၊ ဂျာမနီ၊ ထိုင်းနိုင်ငံတို့၌ နိုင်ငံ တကာခရီးသွားလာရေးလုပ်ငန်းပြပွဲများ ဆက်တိုက်ကျင်းပသွားမည်ဖြစ်ရာ ယင်း ပြပွဲများသို့ မြန်မာနိုင်ငံမှ ခရီးသွား လုပ်ငန်းနှင့်ဆက်နွယ်နေသူများ တက် ရောက်ကြမည်ဖြစ်ကြောင်း မြန်မာ့ခရီး သွားမြှင့်တင်ရေးကော်မတီမှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။