Main menu

Background

ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲအဝယ်သွက်၍ ဈေးမြင့်

Thu, 07/02/2009 - 19:21 -- cjadmin

သိုလှောင့်မည့်ကုန်သည်များနှင့် ဝယ်ရောင်းကုန်သည်များ အဝယ်သွက်လာတာကြောင့် မတ်ပဲရိုးရိုးမှာ ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပတ်အတွင်း ၁၁၂၆ တန်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရပါတယ်။မတ်ပဲ RC ကတော့ Export ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်များ အဝယ်သွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး ၁၉၀၉တန် လက်ငင်းစနစ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။