Main menu

Background

မင်းလှပဲပုပ် ဈေးကွက်ထဲစဝင်

Wed, 01/13/2010 - 09:29 -- Anonymous (not verified)

   ပဲပုပ်သီးနံှဟာ မိုးရာသီရော ဆောင်းရာသီမှာပါ စိုက်ပိုျးတဲ့သီးနံှတစ်ခုဖြစ်ပါတယ်။ ပဲခူးတိုင်းအနောက်မှာ    စိုက်ပိုျုးဧက ၃၇ဝဝဝ ကျော်ရှိပါတယ်။ မိုးရာသီမှာ ပဲပုပ်ကို ဇွန်၊ ဇူလိုင်မှာ စိုက်ပိုျးပြီး စက်တင်ဘာ၊ အောက်တိုဘာ လမှာ ပဲထွက်ပါတယ်။ ဆောင်းပဲပုပ် ကိုတော့ နိုဝင်ဘာ၊ ဒီဇင်ဘာမှ စတင်စိုက်ပိုျးပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီလမှာ ပဲစတင်ထွက်ပါတယ်။ ပဲခူးတိုင်းအနောက်မှာ ပဲပုပ်ကို မိုးညို၊ မင်းလှမြို့တွေမှာ အများဆုံးစိုက်ပိုျးပါတယ်။ မင်းလှမြို့နယ်မှာတော့ ပဲပုပ်ကို စက်တင်ဘာလ ရေကျချိန် အင်းတွေထဲမှာ ရေလိုက်ကြဲနည်းစနစ်နဲ့ ပဲစိုက်ပိုျးပါတယ်။ ဒီဇင်ဘာနောက်ဆုံးပတ်မှာ ပဲပုပ်စတင်ထွက်ပေါ်ပြီး ဒီဇင်ဘာနောက်ဆုံးပတ်မှာ သီးနံှ ဈေးကွက်ကို စတင်ဝင်ရောက်လာပါတယ်။ မင်းလှမြို့နယ်မှာ ဒီဇင်ဘာ ၃ဝ ရက်က ပဲပုပ်တစ်တင်းကို ၁၃ဝဝဝ ကျပ်၊ ပြည်မြို့ မှာတော့ ပဲပုပ်တစ်တင်းကို ၁၂၈ဝဝ ကျပ်ရှိတယ်လို့ သိရပါတယ်။ မင်းလှဘက်က ပဲပုပ် ရန်ကုန်မြို့ကို တင်ပို့ရောင်းချကြပါတယ်။     

မိမိအေး