Main menu

Background

မန္တလေးတိုင်းစားဖိုဆောင်သီးနံှအသင်း၏ အမှုဆောင်သစ် ပြန်လည်ရွေးချယ်

Thu, 01/28/2010 - 09:20 -- Anonymous (not verified)

   မန္တလေးတိုင်း ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနံှစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အလုပ်အမှု ဆောင် သစ်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ၁၇-၁-၂ဝ၁ဝ နေ့ မန္တလေးတိုင်းလယ်ယာထွက်ကုန်ရုံးတွင် ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးကို လယ်ယာထွက် ကုန်ရောင်းဝယ်ရေးမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက် သွန်ဖြူနှင့် စားဖိုဆောင်သီးနံှစိုက်ပိုျး ထုတ်လုပ်တင်ပို့ရောင်းချသူများ ဗဟိုအသင်းမှ အမှုဆောင်များက ဦးဆောင်၍ မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ မန္တလေးမြို့ပေါ်ရှိ ကြက်သွန်နီပွဲရုံလုပ်ငန်းရှင်များ၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ဆည်နယ်တို့မှ ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ၊ မိတ္ထီလာ၊ မလှိုင်၊ ပျော်ဘွယ် နယ်တို့မှ ကြက်သွန်နီကုန်သည်များ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးတွင် တက်ရောက်လာသူများ၏ သဘောတူညီမှု ဖြင့် အလုပ်အမှုဆောင်များကို လျာထားခဲ့ကြောင်း သတင်းရရှိပါတယ်။