Main menu

Background

မန္တလေးမှာ ပဲစင်းငုံနီဈေးမြင့်ပြီး မတ်ပဲဈေး အကျနဲ့အရောင်းအဝယ်ဖြစ်

Wed, 01/20/2010 - 08:55 -- Anonymous (not verified)

   ပဲစင်းငုံနီ မန်းဈေးကွက်သို့အဝင်ပုံမှန်ရှိပြီး ရန်ကုန်ဝယ်လက်အဝယ်သွက်လို့ ယခင်အပတ်နဲ့စာရင်ဈေးသိသာစွာမြင့်လာကာ နေ့စဉ်အိတ် ၇ဝဝ မှ ၁ဝဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ သိရပါတယ်။ မတ်ပဲကို ပဲခွဲစက်လုပ်ငန်းရှင်များက အရည် အသွေးမကြိုက်လို့ ဈေးလျှော့ဝယ်ယူမှုတွေရှိခဲ့တာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး အရောင်းအဝယ်ဖြစ်မှု နည်းခဲ့တယ်လို့ သိရပါတယ်။ ပဲခွဲစက်လုပ်ငန်းရှင်များက ကုလားပဲဖြူလုံးကြီးကို အဝယ်အသင့်အတင့်ရှိပေမယ့် ဈေးကအကျဘက်မှာ ရှိနေတယ်လို့ သိရပါတယ်။