Main menu

Background

မန္တလေးသကြားဈေးကွက် တည်ငြိမ်ဖို့ အရောင်းအဝယ်သမားတို့ ညှိနှိုင်း

Tue, 01/26/2010 - 08:08 -- Anonymous (not verified)

    ယခုနှစ်ကြံရာ သီချိန်တွင် သကာရည်နှင့် သကြားဈေးနှုန်းများ အနည်းငယ် မြင့်တက်လျက်ရှိရာ ဈေးနှုန်းဆက်လက်မြင့်တက်မှု ကို ထိန်းခုျပ်ဖို့ လိုအပ်ပြီး ယခင်နှစ်ကလို ဈေးနှုန်းထိုးကျခြင်းများမဖြစ်ရန် အရောင်းအဝယ်သမားများက ပုံမှန်ဈေးဖြင့် အရောင်း အဝယ်ပြုလုပ်ဖို့ ဈေးညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ သကြားနဲ့ သကာရည်လုပ်ငန်းရှင်များ ကထိန်တော်အသင်း ဥက္ကဌဖြစ်သူ ဦးဝင်းဌေးက ပြောကြားပါတယ်။     ယခုနှစ်  ပုသိမ်ကြီး၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်း၊ ရွှေဘို၊ ကသာ၊ ထီးခိုျင့်၊ ဗန်းမော်မြို့ နယ်များမှာ စိုက်ပိုျးမှုများပြား ပါတယ်။ ဇန်နဝါရီလပထမပတ်တွင် သကာရည် ဈေးနှုန်းမှာ တစ်ပိဿာကို ၆ဝဝ ကျပ်ဖြင့် ဈေးစဖွင့်ပြီး ဒုတိယပတ်တွင် ၇၅ဝ ကျပ်ဈေးဖြစ်ခဲ့ပါတယ်။ သကြား ဈေးနှုန်းမှာ ၁၂၅ဝ ကျပ်ရှိရာမှ ၁၃ဝဝ ကျပ်ဈေးမြင့်တက်သွားပြီး တတိယပတ်တွင် ၁၂၅ဝ ကျပ်ဖြင့် ဈေးနှုန်းပြန် ဆင်းခဲ့ပါတယ်။     လွန်ခဲ့တဲ့နှစ်တွေက ကြံစိုက် တဲ့သူများပြားခဲ့ပြီး စားသုံးမှုထက်များ ခဲ့တော့ ကြံစိုက်တောင်သူတွေ အရှုံး ပေါ်ခဲ့ရတယ်။ သကြား ဈေးနှုန်းတွေ လည်း အဆမတန်ကျဆင်းခဲ့တယ်။ ဒီနှစ်တော့ မနှစ်ကလို အရှုံးပေါ်မှာ ကြောက်လို့ ကြံစိုက်ဧက လျှော့နည်း ခဲ့တယ်။ လျှော့နည်းပေမယ့် ပြည်တွင်း စားသုံးမှု အတွက် ဖူလုံပါတယ်။ ဒီနှစ် မှာ ဒီဇင်ဘာလက သကာရည် တစ် ပိဿာ ၅၇ဝ ကျပ်နဲ့ ဈေးစဖွင့်ခဲ့ကာ နည်းနည်းခြင်းဈေးတက်နေတယ်။ ဒါကြောင့် အရင်နှစ်ကလို ဈေးနှုန်း ထိုး ကျမှုလည်း မရှိအောင် ဈေးတက် တာ လည်းမဖြစ်အောင် ပုံမှန်ဈေးနှုန်းနဲ့ ရောင်းဝယ်ဖို့ ညှိနှိုင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ဒါမှ တောင်သူတွေ အတွက်လည်း အဆင် ပြေပြီး ကမ္ဘာ့ ဈေးကွက်နဲ့အညီ တည်ငြိမ်တဲ့ ဈေးကွက် ဖြစ်မှာပါ''လို့ အဆိုပါ ပုဂ္ဂိုလ်က ပြော ကြားပါတယ်။    ယခင်နှစ်က မန္တလေးတိုင်း အတွင်းတွင် ကြံစိုက်ဧက ၄၈၁၂၃ ဧက ရှိပြီး ကြံအထွက် တန်ချိန်မှာ ၇၈၅၅၁၂ တန်ထွက်ရှိခဲ့ပါတယ်။ သကြားထုတ် လုပ်မှုမှာ ၆၆၄ဝ၈ တန်ထွက်ရှိပြီး စားသုံးမှုမှာ ၃၂၂၄၇ တန်သာ စားသုံးမှု ရှိပါတယ်။ သကာရည်ဈေးနှုန်းမှာ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလတွင် ၂၅ဝ ကျပ်ဖြင့် ဈေးစဖွင့်ပြီး ကြံရာသီကုန်ချိန် ဇွန်လက ၃၆ဝ ကျပ်ဝန်းကျင်သာရှိ ခဲ့ပါတယ်။ မန္တလေးတိုင်း အတွင်းမှထွက်တဲ့ သကာရည်၊ တင်လဲရည်များ ကို ပေါင်းသကြားစက်၊ အရက်ချက်စက်များမှာ အသုံးပြုကြောင်း သိရပါတယ်။                                                                                                                                       ဇူးဇူး