Main menu

Background

မန်းနှမ်းဈေးကွက် မြင့်တက်သော်လည်း နှမ်းဆီဈေးငြိမ်

Thu, 01/28/2010 - 10:49 -- Anonymous (not verified)

    ယခုတစ်ပတ် မန်းကုန်စည် ဒိုင်ကို စစ်ကိုင်းတိုင်းအတွင်းရှိ (ဆားတောင်၊ မြင်းမူ၊ ရွှေဘို၊ဇီးကုန်း၊ အရာတော၊် မုံရွာရွှေပန်းကုန်း၊ ကျီးကုန်း၊ ကသာ) စတဲ့ဒေသများနှင့် မကွေးတိုင်း ( ချောက်၊ ရေစကြို၊ ပခုက္ကူ၊ အောင်လံ၊ မကွေး) စတဲ့ဒေသများကထွက်တဲ့ ဆောင်း နှမ်းအသစ်များ ဝင်ရောက်မှု အားကောင်းနေပါတယ်။ ဝင်ရောက်မှု အားကောင်းသလို တရုတ်ဝယ်လက်မှလည်း အဝယ်လိုက်တာ ကြောင့် နှမ်းဖြူနဲ့ နှမ်းနက် ဈေးဟာ ဇန်နဝါရီ လလယ်ပိုင်းမှာလည်း ဈေးဆက်လက် မာနေတာကို တွေ့ရပါတယ်။ ယခုလို နှမ်းဖြူ နှင့် နှမ်းနက် တရုတ်အဝယ်လိုက်လို့ ဈေးမြင့်ပြီး နှမ်းညိုမှာ ရန် ကုန်ဝယ်လက်နဲ့ ဒေသတွင်းဆီသမား များရဲ့ ဝယ်ယူမှုကြောင့် ဈေးဆက် လက်စွာနေသော်လည်း နှမ်းဆီဈေးက တော့ ဈေးငြိမ်နေတာကို တွေ့ရပါ တယ်။ မန်းကုန်စည်ဒိုင်မှာ ဇန်နဝါရီလ လယ်ပိုင်းမှာ နှမ်းဖြူ တစ်ပိဿာလျှင် ၁၈၂၂ ကျပ်မှ ၁၉၁၁ ကျပ်၊ နှမ်းနက်က ၁၇၃၃ ကျပ်မှ ၁၉၃၃ ကျပ်နှင့် နှမ်းညို မှာ ၁၅၃၃ကျပ်ခန့်အထိ ဈေးမြင့် တက်ပြီး ရောင်းဝယ်ခဲ့ကြသော်လည်း နှမ်းဆီဈေးက ဇန်နဝါရီ လဆန်းပိုင်းမှ လလယ်ပိုင်းအထိ တစ်ပိဿာကို ၂၈၅ဝ ကျပ်မှ ၂၉ဝဝ ကျပ်ဝန်းကျင်တို့ဖြင့် ဈေးငြိမ်သက်စွာ ရောင်းဝယ်ခဲ့ ကြပါတယ်။ နှမ်းဖတ်ကတော့ တစ် ပိဿာကို ၆၈ဝ ကျပ်မှ ၇၂ဝ ကျပ်၊ ပဲဆီတစ်ပိ ဿာ ၂၉ဝဝ ကျပ်မှ ၃၁ဝဝ ကျပ်၊ စားအုန်းဆီက၁၉ဝဝ ကျပ်မှ ၁၉၂ဝ ကျပ်ဝန်းကျင်တို့ဖြင့် ရောင်းဝယ် လျက်ရှိကြောင်း မန္တလေးဆီ ဈေးကွက်မှ သိရှိရပါတယ်။                                                                                                    မြင့်မြင့်မော်