Main menu

Background

မန်းသကြားဈေးကွက် ဈေးအနည်းငယ်တက်လာ

Tue, 01/19/2010 - 07:29 -- Anonymous (not verified)

     ကြံရာသီအစဖြစ်တာရယ်၊ မနှစ်ကထက် အဝင်နည်းသေးတာ ရယ်တို့အပြင် လှောင်လက်နဲ့ လုပ်ငန်းရှင်များ ဝယ်ယူမှုပိုလာတာကြောင့် ကြံနဲ့ ကြံထွက် ပစ္စည်းအခိုျ့ဈေးမာလာပါတယ်။ ဇန်နဝါရီ ပထမပတ် သကြားအမိုျး အစား အလိုက် ၁၂ဝဝ ကျပ်၊ ၁၁၈ဝ ကျပ်၊ ၁၁၅ဝ ကျပ်ဖြစ်ခဲ့ပြီး ဒုတိယပတ် မှာ ၁၂၈ဝ ကျပ်၊ ၁၂၆ဝ ကျပ်၊ ၁၂၃ဝ ကျပ်သို့ ဈေးမာလာပါတယ်။ ပွက် သကြား တစ်ပိဿာ ၉၂ဝ ကျပ်၊ ပွက် ရည် ၇၇ဝ ကျပ်၊ ဈေးနှုန်းအနိမ့်အမြင့် ဖြစ်ပေါ်ခဲ့သလို သကာရည်ကတော့ ၃ဝဝ ကျပ်ဈေးနဲ့ ငြိမ်ပါတယ်။ ကြံ တစ်တန်ဈေးနှုန်းကလည်း ၁၈ဝဝဝ ကျပ် ဝန်းကျင်ရှိပါတယ်။      မန္တလေးတိုင်းရဲ့ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ် ကြံစိုက် ဧက ၄၄ဝဝဝ ကျော်က ယခုအခါ ဧက ၉ဝဝဝ ကျော် ခုတ်သိမ်းပြီဖြစ်သလို ဒီဧက ၉ဝဝဝ ကျော်က ပြန်ထွက် တဲ့ လမိုင်းစိုက်ခင်း ဧက ၉ဝဝ ကိုလည်းပြုပြင် စိုက်ပိုျးပြီး ဖြစ်ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် အတွက် ခင်းသစ်စိုက်ဧက ၇၇ဝဝ ကျော်လည်း စိုက်ပိုျးပြီးဖြစ်တယ် လို့ သိရပါတယ်။                                                                                                                                                                      ဇော်မင်းထွေး