Main menu

Background

မိုရေးနဲ့လော်ရာ ဟော့မန်းဖလားတင်းနစ်ပြိုင်ပွဲ ဖိုင်နယ်တက်ပြီ

Sat, 01/16/2010 - 11:48 -- Anonymous (not verified)

   သြစတြေးလျနိုင်ငံရဲ့အနောက် ဘက်ကမ်းခြေမြို့လေးတစ်မြို့ဖြစ်တဲ့ပါ့သ် မြို့မှာကျင်းပလျက်ရှိတဲ့ဟော့မန်းဖလား တင်းနစ်ပြိုင်ပွဲ ရဲ့ နှစ်ယောက်တွဲပွဲစဉ်မှာ အင်ဒီမိုရေးနဲ့ လော်ရာရော့်ဆင်တို့နှစ်ဦးဟာ ဗိုလ်လုပွဲကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။   ဗြိတိန်နိုင်ငံသားနှစ်ဦးဖြစ်တဲ့ မိုရေးနဲ့လော်ရာတို့ဟာ ရုရှားနိုင်ငံရဲ့ အီဂေါ်အန်ဒရိဗ်နဲ့ ယယ်လီနာဒီမီတီရေးဗားတို့ အတွဲကို ၆-၄၊ ၆-၇၊ ၇-၆ နှစ်ပွဲတစ်ပွဲနဲ့ အနိုင်ရရှိခဲ့တာပါ။ ဒီပွဲမှာ အနိုင်ရခဲ့တဲ့အတွက် မိုရေးတို့အတွဲဟာ စပိန်နိုင်ငံရဲ့ တော်မီရိုဘရီနိုနဲ့ မာရီယာဂျို့စ် ဆန်ချေ့စ်မာတီနက်ဇ်တို့အတွဲနဲ့ဗိုလ်လုပွဲမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။