Main menu

Background

မီလန်ကို ဘက်ခမ်းဒုတိယအကြိမ် ပြန်ရောက်လာခဲ့ပြီ

Mon, 01/11/2010 - 08:02 -- Anonymous (not verified)

   အမေရိကန်မေဂျာလိဂ်ပြိုင်ပွဲဝင်  LA ဂလက်ဆီအသင်းရဲ့ ကွင်းလယ် ကစားသမား ဘက်ခမ်ဟာ အီတလီစီး ရီးအေရဲ့ အေစီ မီလန်အသင်းကို အငှား စာခုျပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီဖြစ်ပါ တယ်။ ဒေးဗစ်ဘက်ခမ်းဟာ ဇန်နဝါရီ လ ၆ ရက်နေ့မှာ ကစားမယ့် ဂျီနိုအာနဲ့ ပြိုင်ပွဲမှာ ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း သိရှိရပါတယ်။   အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂ လန်ကွင်းလယ်ကစားသမား ဒေးဗစ်ဘက်ခမ်ဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်းက အေစီမီလန်အသင်းနဲ့အငှား စာချုပ် လက်မှတ်ရေးထိုးခဲ့ကာ စီးရီးအေဘောလုံးရာသီလက်ကျန် ပွဲစဉ် တစ်ဝက်မှာ အေစီမီလန် အသင်းမှာပါဝင် ကစားမှာဖြစ်ပါတယ်။ အင်္ဂလန် လက် ရွေးစင်အသင်းနည်းပြ ကာပယ်လိုက ဒေးဗစ်ဘက်ခမ်အနေနဲ့ အင်္ဂလန် အသင်း နဲ့အတူ ကမ္ဘာ့ဖလားပွဲမှာ ပါဝင်ကစားလိုပါက ဥရောပမှာ လာရောက်ကစား ရမည်ဟု တိုက်တွန်းထားတဲ့အတွက် အခုလို ဆန်စီရိုကို ပြောင်းရွှေ့လာရခြင်း ဖြစ်ပါတယ်။   အခုလိုပြောင်းရွှေ့ခြင်းဟာအေစီ မီလန်ကို ဒုတိယအကြိမ်မြောက် အငှား ကစားသမားအဖြစ် ရောက်ရှိလာခြင်းလည်းဖြစ်ပါ တယ်။  ဘက်ခမ်းဟာ လာမယ့်ဖေဖော်ဝါရီလအတွင်း ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ် (၁၆)သင်း အဆင့် ရှုံးထွက်ပြိုင်ပွဲမှာ သူ့ရဲ့ အသင်းဟောင်း မန်ယူနဲ့ ပြန်လည်တွေ့ဆုံတော့ မှာ ဖြစ်ပါတယ်။   အေစီမီလန်နဲ့ခုျပ်ဆိုတဲ့စာချုပ် အရ ဘက်ခမ်းဟာ ၂ဝ၁ဝ ခုနှစ် မေလ ၁၆ ရက်နေ့ စီးရီးအေ ဘောလုံးရာသီ ကုန်ဆုံးချိန်အထိ ဆန်စီရိုမှာ ရှိနေဦးမှာ ဖြစ်ပါတယ်။   ''မီလန်မှာ အငှားကစားသမား အဖြစ်လာရောက်ကစားရတာဟာကျွန်တော့်အတွက် ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ အကောင်းဆုံးအခွင့် အရေးပါပဲ''ဟု ပြောကြားခဲ့ပါတယ်။