Main menu

Background

မုံရွာမြို့ MCG Computer Centre Internet & E.mail Course သင်တန်းဆင်းပွဲ ပြုလုပ်

Wed, 01/20/2010 - 06:46 -- Anonymous (not verified)

    မုံရွာမြို့၊ ကျောက္ကာလမ်းရှိ MCG Computer Centre သင်တန်းခန်းမမှာ ၁ဝ.၁.၂ဝ၁ဝ နေ့တွင် Internet & E.mail Course သင်တန်း ဆင်းပွဲပြုလုပ်ခဲ့ကြောင်းသိရပါတယ်။     ၎င်းသင်တန်းကို ငါးနှစ် မြောက်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် MCG Computer Centre မှ သင်တန်းမှူးအပါအဝင် သင်တန်း ဆရာ၊ ဆရာမ ၇ ဦးမှ အခမဲ့သင်ကြားပေးခဲ့ပြီး၊ မုံရွာမြို့ပေါ်ရှိ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာန ဆိုင်ရာများမှ အမျိုးသား၊ အမျိုးသမီး ဝန်ထမ်း ၂၇၉ ဦး တက်ရောက် သင်ကြားခဲ့ကြောင်းသိရပါတယ်။     သင်တန်းကာလမှာ ၂ဝဝ၉ ဒီဇင်ဘာ ၁၂ ရက်နေ့မှ ၂ဝ၁ဝ ဇန်နဝါရီ ၁ဝ ရက်နေ့ထိဖြစ်ပြီး၊ ရုံးလုပ်ငန်းများ မထိခိုက်စေဖို့အတွက် ရုံးပိတ်ရက် စနေ နေ့နဲ့ တနင်္ဂနွေနေ့များမှာ သင်ကြားပေးကြောင်း၊ တက်ရောက်သင်ကြား ခဲ့တဲ့သင်တန်းသူ၊ သင်တန်းသား ဝန်ထမ်းများ internet နှင့် e.mail ကို လွယ်ကူစွာ ဆက်သွယ်အသုံးပြုနိုင် ကြပြီ ဖြစ်ကြောင်းသိရှိရပါတယ်။