Main menu

Background

မူဆယ်ဈေးကွက်အကြိုက် ရွှေသခွားမွှေးဖြစ်နေ

Tue, 01/19/2010 - 08:19 -- Anonymous (not verified)

    သခွားမွှေးတွေဟာ မူဆယ်ကို ဒီလမှာလဲဆက်ပြီးတက်နေပါတယ်။ ဒီဇင်ဘာလရဲ့ နောက်ဆုံးအပတ်မှာ မူဆယ်ဝယ်လက်ဟာ ရွှေသခွားမွှေးထက် ပိုက်ကွက်သခွားမွှေးကို ပိုဝယ်တာကြောင့် ဈေးတွေမြင့်ခဲ့ပါတယ်။ ပိုက်ကွက်သခွားမွှေးတွေဈေးမြင့်သွား တာကြောင့် သခွားထွက်တဲ့နေရာတွေကလဲ ပိုက်ကို ပိုပြီးပို့လာကြတာကြောင့် ပိုက်တွေ ဈေးနိမ့်ပြီး ရွှေတွေဈေးမြင့်လာပါတယ်။ မူဆယ်ကို တစ်နေ့ သခွားအဝင်  ကားစီးရေ ၁ဝ နဲ့  ၂ဝ စီးအကြား ဝင်နေတယ်လို့ သိရပါတယ်။ သခွားတွေ ဈေးကောင်းလာတာ ကတော့ သခွားတွေရှားလာတာရယ်၊ သူတို့လိုအပ်ချက်တွေ ရှိလာခဲ့ရင် ဘယ်လောက်ပစ္စည်း ပေါပေါဈေးမြင့်ပေးတယ်လို့ မူဆယ် သစ်သီးဈေးကွက်မှ သိရပါတယ်။ မူဆယ်ဈေးကွက်ရဲ့ မနေ့က ပေါက်ဈေး ရွှေဆိုရင် အလုံးကြီးအလုံးလှ တစ်ကီလိုကို ၅ ယွမ် (၇၅ဝ ကျပ်ခန့်) ပိုက်ကတစ်ကီလိုကို ၄ ယွမ် (၆ဝဝ ကျပ်ခန့်) ဈေးကောင်းနေပြီး ရောင်းဝယ်မှုကတော့ မရောင်းရတာရယ်လို့ မရှိဘူး ဈေးပေါ်မှာဘဲ မူတည်တယ်လို့ သိရပါတယ်။ မန္တလေးသစ်သီးဈေးကွက်မှာ သခွားထွက်တဲ့ နေရာတွေက ရှားလာတာကြောင့် ဝင်တလှည့်၊ မဝင်တလှည့်ဖြစ်ပြီး ခုချိန်လိမ္မော်သီး၊ ဆီးသီးရာသီသီးတွေ လှိုင်နေတဲ့အတွက် ရာသီသီးကို အားထား ရောင်းနေ တယ်လို့ သိရပါတယ်။ အေးအေးတင့်