Main menu

Background

မူဆယ်-မန်းကုန်တင်ခ ဈေးကျ

Thu, 07/02/2009 - 20:06 -- cjadmin

ယခုလမှာတော့ မန္တလေး-မူဆယ်၊ မူဆယ်-မန္တလေး ယခင်လ များထက် ဈေးလျော့လာကြောင်း သိရပါတယ်။ မန္တလေး-မူဆယ် (အတက်) တစ်ပိဿာကို ၂၅ ကျပ်နဲ့ သွားပြီး မူဆယ်-မန္တလေး (အဆင်း) တစ်ပိဿာကို ၄၈ ကျပ်နဲ့ ဆင်းနေကြပါတယ်။ ယခင်လအတက်ကားခက ၂၆ ကျပ် ရှိခဲ့တာမို့ သိသိသာသာ ပြောင်းလဲ သွားခြင်းမရှိပေမဲ့ အဆင်း ကားခကတော့ အရင်လက ၆၀ ကျပ် ထိရှိခဲ့တာကြောင့် သိသိသာသာ ကျဆင်းခဲ့ပါတယ်။ အချို့ ကုန်သည်တွေ ကတော့ ကွန်တိန်နာဘောက်(စ်) ကားတွေ အသုံးပြုလာတာ တွေ့ရပါတယ်။ အဲဒီ ဘောက်(စ်)ကားတွေဟာ ကုန် ပစ္စည်းထိခိုက်မှုမရှိခြင်း၊ အလေလွင့် နည်းပါးခြင်းတို့ကြောင့် ရိုးရိုးကုန်တင်ကားခ ထက်တော့ ဈေးပိုတဲ့ အတွက် အတက်တစ်ပိဿာ ၆၀ ကျပ်၊ အဆင်း ၄၈ ကျပ်ဈေးရှိ ကြောင်းသိရပါတယ်။ကျော်ဇင်သန်း