Main menu

Background

မျှော်စင်ကျွန်းတွင် အထူးဈေးရောင်းပွဲတော်ကျင်းပမည်

Tue, 01/26/2010 - 05:43 -- Anonymous (not verified)

   547 Tradingကုမ္ပဏီမှ ဦးစီးကျင်းပမည့် valentine ပျော်ပွဲရွှင်ပွဲနှင့်အထူး ဈေးပွဲတော်ကို ဖေဖော်ဝါရီလ ၁ဝ ရက်မှ ၁၄ ရက်နေ့ အထိ ကရဝိတ်ဥယျာဉ်ကမ္ဘာ၊ ကန်တော်ကြီးမျှော်စင်ကျွန်းတွင်ကျင်းပမည်ဟုသိရသည်။    အဆိုပါပွဲတော်တွင် Mr & Miss ရွေးချယ်ပွဲများ၊ ဖက်ရှင်ရှိုးများ၊ ရုပ်ရှင်သရုပ်ဆောင်များနှင့်အဆိုတော်များ၏ ဖျော်ဖြေမှုအစီအစဉ် ်များ၊ ဟာသအစီ အစဉ်များ၊ Dancer အဖွဲ့များ၏အကများ၊ မောင်မောင်အေးနှင့်ဆန်းထွဋ်တို့ ဦးစီးသည့် Dream Boat Games & Entertainment ပျော်ပွဲရွှင်ပွဲများဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်သည်။   လူသုံးကုန်၊ စားသုံးကုန်၊ အဝတ် အထည်၊ ဖန်စီပစ္စည်း၊ အမှတ်တရလက် ဆောင်ပစ္စည်း၊ အီလက်ထရွန်းနစ်ပစ္စည်း စသည်ဖြင့် ပစ္စည်းမျိုးစုံကိုလည်း တစ်နေရာတည်းတွင် ရောင်းချသွားမည် ဖြစ်သည်။ ဈေးပွဲတော်လာပြည်သူများ သွားလာမှုအဆင်ပြေစေရန် ယာဉ်များလည်းစီစဉ်ပေးသွားမည်ဟုသိရသည်။