Main menu

Background

မြင့်မားသော နည်းပညာများ၏ရလဒ် View Sonic Monitor

Wed, 01/20/2010 - 03:22 -- Anonymous (not verified)

     View Sonic မှ မြင့်မားသော နည်းပညာများဖြင့် ထုတ်လုပ်လိုက်သော မော်ဒယ် (VX-1932 Wm-LED) မော်နီတာဖြစ်သည်။ ထောင့်ဖြတ်မြင်ကွင်း ၁၉ဓ ရှိသော LCD မော်နီတာ ဖြစ်ပြီး၊ ပါးလျသောဒီဇိုင်းဖြင့်ဖွဲ့စည်း တည်ဆောက်ထားသည်။     ယခင်မော်နီတာများထက် အားသာချက်မှာ မျက်နှာပြည့်နောက်ခံ အလင်းထိုးစနစ် (WLED Backlight) ထည့်သွင်းထားခြင်းဖြစ်သည်။ မျက်နှာ ပြင်တစ်ခုလုံးကို ညီညာသော အလင်းရောင်ဖြင့် ဖြန့်ဝေပုံဖော်ပေးနိုင်စွမ်းရှိသည်။ သာမန်ထက် ၅ ဆမြင့်မားသော contrast ratio ကြောင့်ပုံရိပ်များကို တိကျပြတ်သားစွာမြင်တွေ့နိုင်ပြီး၊ ပါဝါ အသုံးပြုမှုကိုလည်း ၅ဝ ရာခိုင်နှုန်း လျှော့ချပေးနိုင်သည်။ DVI port  နှင့် VGA port တစ်ခုစီတပ်ဆင်ထားပြီး၊ စတူဒီယိုသံထုတ်လွှင့်ပေးနိုင်သော စပီကာနှစ်လုံးပါရှိ သည်။ တစ်လုံးလျှင် တစ်သိန်းခြောက်သောင်းဖြင့် KMD Center များတွင်ရရှိနိုင်ပါသည်။