Main menu

Background

မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းပဲခူးတိုင်းအနောက်ပိုင်း အသင်းခွဲဖွဲ့စည်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲကျင်းပ

Fri, 01/29/2010 - 08:23 -- Anonymous (not verified)

   မြန်မာနိုင်ငံရဲ့ ဆန်စပါးလုပ် ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါးရောင်းဝယ်မှုနည်းစနစ် မှန်ကန်ရေး၊ အရည်အသွေးကောင်း သီးနံှများ ထွက်ရှိတင်ပို့ ရောင်းချနိုင်ရေး၊ ကမ္ဘာ့အလယ်တွင် အဓိက ဆန်ထုတ်လုပ်တင်ပို့ရောင်းချသည့်နိုင်ငံအဖြစ် ဂုဏ်သိက္ခာရှိရှိ ရပ်တည် နိုင်ရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း (Myanmar Rice Industry Association) ပဲခူးတိုင်း အနောက်ပိုင်းရဲ့ အသင်းခွဲဖွဲ့စည်းရေးဆိုင်ရာ အကြိုညှိနှိုင်း ဆွေးနွေးပွဲအား မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ ပဲခူးတိုင်းအနောက် ပိုင်း၊ တိုင်းမန်နေဂျာရုံး၌ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁ဝးဝဝ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆန်စပါး အသင်း ဗဟိုမှ အထွေ ထွေအတွင်းရေးမှူး ဦးရဲမင်းအောင်မှ အသင်းနဲ့ပတ်သက်ပြီး လိုအပ်သည်များ သိသင့်သိထိုက်သည်များ ဆက်လက် ရှင်းလင်း ပြောကြားပြီး အသင်းဖွဲ့စည်းရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါတယ်။ ညိနှိုင်းဆွေးနွေးပွဲသို့ ပဲခူးတိုင်း အနောက်ပိုင်းမြို့နယ်များမှ မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီများမှ တာဝန်ရှိသူများ၊ ဆန်စပါးအသင်းအဖွဲ့များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရပါ တယ်။