၂ဝ၁ဝ ပွင့်လင်းရာသီတွင် မြန်မာ နိုင်ငံသို့ အပျော်စီးခရီးသည်တင် ပင်လယ်ကူးသင်္ဘောသုံးစီး၊ ၂ဝ၁၁တွင် လေးစီးလာရောက် ရန်ရှိပြီး ၂ဝ၁၂ အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် နေကြောင်း Myanmar Voyages International Tourism Co,Ltd. မှ Managing Director ဦးသက်လွင်တိုးကပြော သည်။ ၂ဝဝ၉ခုနှစ်က အပျော်စီး သင်္ဘောနှစ်စီးလာခဲ့တယ်၊ အခုလာမဲ့ သင်္ဘောတွေက အမေရိကန်က သင်္ဘောတွေပဲ၊ ဒါကြောင့် အင်္ဂလိပ်ဘာသာ ဧည့်လမ်းညွှန်တွေအတွက် အခွင့်အရေးတစ်ခုပဲ။ အနောက်နဲ့ အရှေ့က ခရီးသည်တွေပါလိမ့်မယ်''ဟု ၎င်းကဆို သည်။ မြန်မာနိုင်ငံသို့ အများဆုံးလာရောက်လေ့ရှိသော အပျော်စီးသင်္ဘောများမှာ အမေရိကန်နှင့် ဂျာမဏီအခြေစိုက် သင်္ဘော ကုမ္ပဏီများမှ ဖြစ်ကြောင်းသိရသည်။ အဆိုပါကုမ္ပဏီသည် Up Market ကို ဦးတည်ဆောက် ရွက်နေပြီး ယင်းသို့ဆောင်ရွက်ရ ခြင်းမှာ ချမ်းသာသူများဖြစ်သဖြင့် ငွေသုံးများခြင်း၊ တစ်ရက်အမေရိကန်ဒေါ်လာ ၁ဝဝဝ ခန့်သုံးခြင်း၊ အနည်းဆုံး နှစ်ပတ်ခန့် နေထိုင်ကြခြင်း တို့ကြောင့်ဖြစ်ကြောင်း သိရသည်။ ယခုအခါ ထိုကုမ္ပဏီက Personal Crusises များအတွက် Promotion ပြု လုပ်ရန်ရှိနေပြီး လေယာဉ်ခရီးစဉ်များ ရရှိရေး၊ ပရိုက်ပိတ်လေယာဉ်များ၊ ချာတာဖလိုက်များဖြင့် ခရီးသည်များဝင် ရောက်လာရေး ဆောင်ရွက်သွားမည်ဟု သိရသည်။
Background