Main menu

Background

မြန်မာ့လက်ရွေးစင်အသင်း လက်ထောက်နည်းပြတစ်ဦးနဲ့ ဂိုးသမားတစ်ဦး ထပ်မံအားဖြည့်

Wed, 01/20/2010 - 08:40 -- Anonymous (not verified)

   လာမယ့်ဖေဖော်ဝါရီလအတွင်း ကျင်းပမယ့် AFC Challenge Cup ပြိုင်ပွဲ မှာဝင်ရောက်ယှဉ်ပြိုင်မယ့်မြန်မာ့လက်ရွေးစင်အသင်း အတွက် လက်ထောက်နည်းပြတစ်ဦးနဲ့ဂိုးသမားတစ်ဦးတို့ကို ထပ် မံအားဖြည့်လိုက်ကြောင်းသိရပါတယ်။    မြန်မာ့လက်ရွေးစင်အသင်းရဲ့ နည်းပြခုျပ်ဖြစ်တဲ့ ဒရာဂိုမာမစ်ဟာ ရတနာပုံအသင်းရဲ့အမာခံဂိုးသမားဖြစ်တဲ့ ယဉ်မင်းအောင်ကို ရတနာပုံနဲ့ ကမ္ဘောဇတို့ပွဲအပြီးမှာ ထပ်မံရွေးချယ်လိုက်တာဖြစ်ပါတယ်။ ယဉ်မင်းအောင်ဟာ ဒူးဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူနေရသူဖြစ်ပြီးဇန်နဝါရီ လ  ၁၄ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘောဇနဲ့ ပွဲမှာ ပြန်လည်ကစားခဲ့ခြင်း ဖြစ်ပါတယ်။   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့်လည်း နည်းပြချုုပ်ဒရာဂိုမာမစ်နဲ့ပူးပေါင်းဆောင်ရွက်နိုင်ရန် ဇေယျာရွှေမြေအသင်းရဲ့လက်ထောက်နည်းပြဦးစိုးမိုး ကိုလည်းမြန်မာ့လက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။ မြန်မာ့လက်ရွေး စင်အသင်းဟာ  AFC Challenge Cup ပြိုင်ပွဲမတိုင်မီပြင်ဆင်မှုအဖြစ် ဇန်နဝါရီလနောက်ဆုံးပတ်အတွင်းမှာ ကိုရီးယားနိုင်ငံ၊ အူလ်ဆန်တက္ကသိုလ်အသင်းနဲ့ချစ်ကြည်ရေးခြေစမ်းပွဲနှစ်ခုယှဉ်ပြိုင်ကစားရန်စီစဉ်လျက် ရှိကြောင်းသတင်းရရှိပါတယ်။