Main menu

Background

မြန်မာ-အိန္ဒိယကုန်သွယ်မှုရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအကောင်အထည်ဖော်ရန်လို

Fri, 01/29/2010 - 11:48 -- Anonymous (not verified)

   မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများ ပိုမိုအကျိုးဖြစ်ထွန်းရေးအတွက် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွေမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပူးပေါင်း အကောင်အထည် ဖော်ရန်လိုကြောင်း သိရပါတယ်။ ဇန်နဝါ ရီလ ၁ ရက်နေ့က ရန်ကုန်မြို့ Summit Park View  ဟိုတယ်တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းနှင့် အင်ဒိုမြန်မာ ကုန်သည်အသင်းIndo Myanmar Chamber of Commerce & Industriesမှ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဝယ်သူ ရောင်းသူဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဒုဥက္ကဌဦးဇော်မင်းဝင်းက အထက်ပါ အတိုင်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ မြန်မာလုပ်ငန်းရှင်များ အနေနဲ့ အိန္ဒိယနိုင်ငံ နှင့်နှစ်ကာလ ကြာရှည်ကပင် နှစ်ဘက် အပြန်အလှန် ကုန်သွယ်ခဲ့ကြပြီး အန္ဒိယနိုင်ငံသည် အလွန်ကြီးမားသော ဈေးကွက်ဝယ်လက် အင်အားကြီးနိုင်ငံတစ်ခုဖြစ်ရာ မိမိတို့ ဆွေးနွေးဖက် များအနေဖြင့် ယခုကဲ့သို့ စီးပွားရေးတွေ့ ဆုံပွဲများ၌ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်အထောက်အကူ ပြုရေး အပေါင်းလက္ခဏာ ဆောင်သော နှစ်ဘက်အကျိုးရှိသော အတွေး အမြင်များဖြင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီး ကုန်သွယ်မှုတိုးမြင့်သွားရန် လို ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။  ''စီးပွားရေးဆွေးနွေးပွဲတွေက နိုင်ငံတကာကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် အထူးအထောက်အကူပြုပါတယ်။ ဒီမှာလာရောက် ဆွေးနွေးကြတဲ့တစ်ဖက်က လုပ်ငန်းရှင်တွေ အနေနဲ့ အပြည့်အစုံမလာနိုင်တယ်ပဲ ထားအုံး၊ ကျွန်တော်တို့အနေနဲ့ လာတဲ့ ဧည့်သည် အဖွဲ့ဝင်တွေအနေနဲ့ မျက်မြင် တွေ့ထိခွင့်ရပြီး တိုက်ရိုက်ပြောဆိုလို့ ရတယ်။ ပြီးရင် ကျွန်တော် တကယ် သွင်းလိုတဲ့ နည်းပညာ ပစ္စည်းတွေကို ထဲထဲဝင်ဝင်ချိတ်ဆက် ဝယ်ယူလို့ရမဲ့ လုပ်ငန်းတွေက အဖွဲ့ဝင်အဖြစ် မပါဝင်ပေမဲ့ ဆက်လက်လုပ်ငန်းအကောင် အထည်ဖော်လို့ရနိုင်တဲ့ လုပ်ငန်းစုတွေ၊ လုပ်ငန်းခွဲတွေနဲ့ အပြန်အလှန် အဆက် အသွယ်တွေရခဲ့တယ်။ ကျွန်တော့် အမြင်တော့ ဈေးစကား ပြောခွင့် မရနိုင်သေးသော်လည်း အမြင်ချင်းဖလှယ် ယုံကြည်မှု တိုးပြီး Main Consumer   နဲ့ Activity Agent တို့ တွေ့ဆုံခွင့် ရခဲ့တယ်လို့'' အိုင်တီကဏ္ဍကို စိတ်ဝင်တစားဆွေးနွေးခဲ့သူတစ်ဦးက ဆိုပါ တယ်။   အလားတူ မြန်မာပဲ ပို့ကုန် တင်ပို့နေသော ကုန်သည်ဦးအောင်သန်းကလည်း ''ယခုလို စီးပွားရေးတွေ့ဆုံ ဆွေးနွေးပွဲတွေ နိုင်ငံ အသီးသီးက ကျွန်တော်တို့ဆီကို ခပ်စိတ်စိတ်လာပြီး ပူးပေါင်းဆောင်ရွက်ဖို့၊ ကုန်သွယ်မှု တိုးမြင့်ဖို့ ဆောင်ရွက်နေကြတယ်၊ ဒီဆွေးနွေးပွဲမှာ ဆွေးနွေးကြတဲ့ အဖွဲ့ဝင် တွေအနေနဲ့ သူတို့နိုင်ငံကကုန်စည်ကို ဝယ်ယူတင်သွင်း စေချင်ကြတယ်။ကျွန်တော်ဆို ပဲတင်ပို့ဖို့ကိစ္စ ဆွေးနွေးခဲ့ တယ်။ လောလောလတ်လတ် အလုပ် မဖြစ်နိုင်ပေမဲ့၊ နောက်မှထပ်ပြီး ဆက် သွယ်ဘို့ အခွင့်အလန်းရခဲ့ တယ်။ တစ် ကယ့် ပို့ကုန်သွင်းကုန်ဆောင်ရွက်နေတဲ့ ထဲထဲဝင်ဝင်ပုဂ္ဂိုလ်တွေနဲ့ တွေ့ရရင် ပိုမိုကောင်းမယ်၊ သူတို့တစ်တွေရဲ့ Trend  က ပို့ကုန်ကို ပိုပြီးဇောင်းပေးချင် ကြတယ်၊ ယခင်ကတည်းက အချိတ်အဆက်ရှိပြီးသား ကုန်သည်ပါလာရင် တော့ ကျွန်တော်တို့ အချင်းချင်း မူလရှိခဲ့တဲ့ ယုံကြည်မှုကို ပိုမို ခိုင်မာ စေတယ်'' လို့ ဆွေးနွေးပါတယ်။   အဆိုပါ ဆွေးနွေးပွဲကို ကုန်သည်စက်မှုအသင်းချုပ်မှ  ဗဟိုအလုပ်အမှုဆောင်များ၊ ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ လုပ်ငန်းရှင်များ စုစုပေါင်း ၇ဝ ဦးခန့် တက်ရောက်ခဲ့ပြီး အိန္ဒိယဘက်မှ ကိုယ်စားလှယ် ၁၆ ဦး ပါဝင်ကြောင်း သိရသည်။ နှစ်ဘက်အပြန်အလှန် အစုအဖွဲ့ဆွေးနွေးမှုများ အနေဖြင့် လူအိမ်သုံးပစ္စည်း၊ နည်းပညာဆိုင်ရာ ပစ္စည်း၊ ယာဉ်နှင့် စက်အပိုပစ္စည်း၊ ဟိုတယ်ခရီးသွားလာရေး၊သယ်ယူပို့ဆောင်ရေး စသည့်ကဏ္ဍများတွင် စိတ်ဝင်တစားဆွေးနွေးခဲ့ပါတယ်။