Main menu

Background

မြဝတီခရိုင် ရွှေက္ကိုလ်ဒေသထွက်ပြောင်း ထိုင်းနိုင်ငံသို့ တင်ပို့

Tue, 01/19/2010 - 07:14 -- Anonymous (not verified)

     မြန်မာထိုင်းနယ်စပ်ရှိ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းက ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ် ဧပြီလက ဒီဇင်ဘာလထိ ကာလအတွင်း စက်မှုကုန် ကြမ်းသီးနံှနဲ့ ပြောင်းများကို တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ဝ ဒသမ ၃၄၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ တစ်ဖက်နိုင်ငံသို့ တင်ပို့ခဲ့သော ပြောင်းများမှာ မြဝတီ ခရိုင် ရွှေ ကုက္ကိုလ် ဒေသထွက်ပြောင်း များဖြစ်ပြီး ဒေသပေါက်ဈေးမှာပြောင်းတစ်တန် လျှင် ၂ဝ၅ဝဝဝ ကျပ် ဖြစ်ပြီး တစ်ဖက်နိုင်ငံ ပေါက်ဈေးမှာ တစ်တန်လျှင် ၂၅၂ဝဝဝ ကျပ်ခန့်ရှိပါတယ်။     တစ်ဖက်နိုင်ငံမှာ မိမိတို့ ပြောင်းဖူးစေ့များကို မုန့်များပြုလုပ်ရာ မှာလည်းကောင်း၊ တိရစ္ဆာန်အစားအစာ ထုတ်လုပ်ရာမှာလည်းကောင်း အသုံးပြုကြပါတယ်။ ကြီးမားသော ဈေးကွက်မရှိပဲ မဲဆောက်ခရိုင် ပတ်ဝန်းကျင်ဒေသများမှာ သုံးစွဲကြခြင်းဖြစ်တဲ့အတွက် ဒေသထ၏ွက်ပြောင်း များကိုသာ တင်ပို့နေခြင်းဖြစ်ပါ တယ်။    တစ်ဖက်ထိုင်းနိုင်ငံမှာလည်း ပြောင်းစိုက်ပိုျးမှုရှိတဲ့အတွက် 0x158င်းဒေသ ထွက် ပြောင်းနဲ့ နှိုင်းယှဉ်ပြီး ဈေးနှုန်းခိုျမှသာ မြန်မာ့ပြောင်းများ ကို ဝယ်ယူ ကြတာလို့သိရပါတယ်။      မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းမှ  ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာနှစ်မှာ တန်ချိန် ၂၅ဝဝ တန်ခန့် တန်ဖိုး ကန် ဒေါ်လာ ဝ ဒသမ ၅၇၂ သန်းဖိုး တင်ပို့ နိုင်ခဲ့ပြီး၊ ယခုဘဏ္ဍာနှစ်မှာ ရွှေကုက္ကိုလ် ဒေသထွက် ပြောင်း တန်ချိန် ၁၅ဝဝ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၄၆ သန်းဖိုး  တင်ပို့ နိုင်ခဲ့တယ်လို့ သိရ ပါတယ်။  ှ                                                                                                                                                                   Source:   နကသ (မဝတ)                                                                                                                                                                        မင်းအောင်အေး