Main menu

Background

မြိတ်ရော်ဘာ သိုလှောင်မှုနည်းပြီး ရောင်းချမှုများလာ

Tue, 01/26/2010 - 05:10 -- Anonymous (not verified)

     ဇန်နဝါရီ ဒုတိယပတ်က ဖြစ်ပေါ်ခဲ့တဲ့ မြိတ်ရော်ဘာဈေး၊ RSS3 တစ် ပိဿာ ၄၁ဝဝ ကျပ် (တစ်ပေါင် ၁၁၃၉ ကျပ်)၊ RSS5  တစ်ပိဿာ ၃၉ဝဝ ကျပ် (တစ်ပေါင် ၁ဝ၈၃ ကျပ်) ဟာ ဇန်နဝါရီ တတိယပတ်မှာ RSS3  တစ်ပိဿာ ၄၃ဝဝ ကျပ် (တစ်ပေါင် ၁၁၉၄ ကျပ်)၊RSS5  တစ်ပိဿာ ၄၁ဝဝ ကျပ် (တစ်ပေါင် ၁၁၃၉ ကျပ်)သို့ ဆက်လက်မြင့်တက်နေပါတယ်။ ရော်ဘာဈေးနှုန်းဟာ ယခင်နှစ် ကာလတူနဲ့ယှဉ်ရင် ဈေးမြင့်လာလို့ ခြံရှင်များဟာ သို လှောင်မှုနည်းပြီး ရောင်းချမှုများတယ်လို့ ဈေးကွက်က ဆိုပါတယ်။ မြိတ်နယ်စပ် စခန်းနဲ့ ပြည်ပတင်ပို့ဖို့အတွက် ဇန်နဝါရီဒုတိယပတ်မှာ စီစဉ်ဆောင် ရွက်ဆဲလို့ သိရပါတယ်။                                 ဝင်းစိန်