Main menu

Background

မြေပဲဆီ (ပုံးဆွဲ)ဈေး အနည်းငယ်လှုပ်ရှား

Tue, 02/02/2010 - 07:52 -- Anonymous (not verified)

     မြေပဲဆီဈေးကွက်မှာ ဧရာဝတီ၊ ရွှေ၊ ရန်ကုန်အစရှိတဲ့ နာမည်ရတဲ့ ပုံးဆွဲဆီများ ဈေးအနည်းငယ်လှုပ်ရှားနေပေမဲ့ ချိန်ဆီများဈေး ငြိမ်နေကြောင်း ဆီကုန်သည်ကြီးများက ပြောပါတယ်။     ''နာမည်ရပြီး မြေပဲဆီတွေက အချိန်(၁ဝ) ၃၄ဝဝဝ ကျပ်ဈေးရှိပါ တယ်။ ပြည့်ဆီက ၃၂ဝဝဝ ကျပ်ဈေးရှိ တယ်။ ချိန်ဆီတွေက တော့ ၂၆ဝဝဝ ကျပ်ကနေ ၃ဝဝဝဝ ကျပ်အထိ ဈေး အမိုျးမိုျးရှိတယ်။ ရှယ်ဆီတွေ ဈေးမကျတာက မြေပဲဆံဈေးနဲ့လည်း ဆိုင်တယ်၊ မြေပဲဆံဈေးကောင်းရင် ဒီအတိုင်းပဲ ရောင်းကြတယ်။ ဆီမကြိတ်ကြတော့ဘူး'' လို့ ဆီကုန်သည်တစ်ဦးက ရှင်းပြပါတယ်။     မြေပဲဆီလက်ကားဈေးနှုန်း မှာ ၂၆ဝဝ ကျပ်မှ ၃ဝဝဝ ကျပ်ကြားရှိ နေပြီး ရှယ်၊ ထူးရှယ်၊ ရိုးရိုးစသဖြင့် ခွဲခြားရောင်းချနေတာတွေ့ ရပါတယ်။ လက်လီဈေးကွက်မှာတော့ တစ်ပိဿာ ၂၉ဝဝ ကျပ်ကနေ ၃၃ဝဝ ကျပ်အထိ ရောင်းနေကြောင်း ရပ်ကွက်ဆိုင်များမှ သိရပါ တယ်။                                                                                                                               လွင်လွင်မိုး