Main menu

Background

မွေးမြူရေးခြံများ၌ ၂ဝ၁ဝ မတ်လအပြီး ဆောင်ရွက်မည့် GPS စနစ်သုံး သတင်းပို့စနစ်

Thu, 01/28/2010 - 09:09 -- Anonymous (not verified)

   မွေးမြူရေးခြံများတွင် GPS စနစ် အသုံးပြု၍ သတင်းပို့ဆက်သွယ်မှုစနစ်ကို ကွန်ရက်သဖွယ် ဆောက်ရွက်လျက်ရှိပြီး ၂ဝ၁ဝ ခုနှစ် မတ်လတွင် ယင်းစနစ်အပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။    ယင်းစနစ်ကို ဆောင်ရွက်ရခြင်းမှာ ကြက်ငှက်တုပ်ကွေးရောဂါကဲ့သို့သော တိရစ္ဆာန်ကူးစက်ရောဂါများ ဖြစ်ပွားလာပါက ကြက်ခြံ တစ်ခြံနှင့်တစ်ခြံသတိပေးနိုင်ရန်၊ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်လုပ်ဆောင်နိုင်ရန်၊ ရောဂါထိန်းချုပ်မှု ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း သိရသည်။ အဆိုပါစနစ်ကို ကြက်ခြံ၊ ဘဲခြံ၊ ငုံးခြံများသာမက သိုး၊ ဆိတ်၊ ဝက်၊ နွားခြံများကိုလည်း အသုံးပြုနိုင်ရန် စီစဉ်ထားပြီး အသုံးပြု နည်းစနစ်များကို သင် တန်းပေးလျက်ရှိသည်။ ယင်းသို့ GPS စနစ်သုံးကာ သတင်းပို့သည့်စနစ်ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေပြီး ကမ္ဘာ့ဘဏ်က ကူညီပံ့ပိုးနေကြောင်း သိရသည်။