Main menu

Background

ယခုနှစ်တွင် ကျွန်းသစ်ပင် ၁သိန်းကျော်နှင့် သစ်မာပင် ၆သိန်းခန်ထုတ်ယူခွင့်ပြု

Tue, 01/19/2010 - 07:49 -- Anonymous (not verified)

  ၂၀၀၉-၂၀၁၀ဘဏ္ဍာနှစ်အတွင်းပြည်နယ်နှင့်တိုင်းအသီးသီးရှိ သစ်တောကြိုးဝိုင်းများမှကျွန်းသစ်ပင်ရေ ၁သိန်းကျော်(၁၃၀၀၀၀ကျော်) နှင့် သစ်မာပင်ေ ရ၆သိန်းခန့်ထုတ်ယူခွင့်ပြုခဲ့ကြောင်း သစ်တောရေးရာဝန်ကြီးဌာနမှသိရသည်။  မြန်မာနိုင်ငံ၏ နှစ်စဉ်သစ် ထုတ်ယူခွင့်ကို မြန်မာ့သစ်လုပ်ငန်းမှ အဓိကဦးဆောင်ထုတ်ယူခဲ့ပြီး ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှစတင်ကာ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် မြန်မာ့သစ်လုပ်ငန်းတို့ပူးတွဲသစ်ထုတ်လုပ်မှုများ ရှိလာခဲ့ရာ ၂၀၀၈-၂၀၀၉ဘဏ္ဍာနှစ်တွင်လည်း ကျွန်းသစ် ပင်ရေ တစ်သိန်းလေးသောင်း ခန့်နှင့်သစ်မာ ပင်ရေခြောက်သိန်း ရှစ်သောင်းဝန်းကျင်ထုတ်ယူခွင့်ပြုခဲ့သည်ဟုဆိုသည်။  ယခုအခါ မြန်မာ့သစ်လုပ်ငန်းနှင့် ပူးပေါင်းသစ်ထုတ်လုပ်နေသည့် ကုမ္ပဏီများမှာ ထူးထရေးဒင်း ကုမ္ပဏီ၊ တင်ဝင်းထွန်းကုမ္ပဏီ၊ မိုမင် တန်ကုမ္ပဏီ၊ ဝုဒ်ဝေါကုမ္ပဏီ၊ စိန်သန်းဦးကုမ္ပဏီ၊ ပစိဖိတ်တင်းဘားကုမ္ပဏီ၊ Global Star Co, စသည့်ကုမ္ပဏီကြီးများအပါအဝင် သစ် လုပ်ငန်းပေါင်း ၅၀ ကျော်ရှိကြောင်းသိရသည်။ခင်မျိုးသွယ်