Main menu

Background

ယုံကြည်မှုပျောက်ဆုံးစပြုလာတဲ့ခဲျလ်ဆီးနည်းပြ အန်ဆလော့တီ

Mon, 01/11/2010 - 07:49 -- Anonymous (not verified)

   ပရီးမီးယားလိဂ်ပွဲစဉ်နောက်ဆုံး (၇) ပွဲမှာ နိုင်ပွဲတစ်ပွဲသာရရှိခဲ့တဲ့ခဲျလ်ဆီး အသင်းဟာ အမှတ်ပေးဇယားမှာ ထိပ်ဆုံးကနေ ဦးဆောင်နေခဲ့ ပေမယ့် ပရီးမီး ယားလိဂ်ချန်ပီယံ ဖြစ်နိုင်ဖို့အတွက် ဖိအားတွေစတင်ခံစားနေရပြီဖြစ်ကြောင်း ခဲျလ်ဆီးနည်းပြ အန်ဆလော့တီက ဝန်ခံ ပြောကြားလိုက်ပါတယ်။   ဘာမင်ဂမ်အသင်းကို ဂိုးမရှိ   သရေကစားနိုင်ခဲ့ခြင်းဟာ ခဲျလ်ဆီး အသင်းအတွက် နောက်ဆုံး(၃၄)ပွဲမှာ ပထမဆုံး ဂိုးမသွင်း နိုင်တဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။ ဒါ့ပြင် ဖူလ်ဟမ်နဲ့ပွဲအပြီးမှာ တိုက်စစ်မှူးဒရော့ဘာနဲ့ ကာလူးတို့ကို အာဖရိကနိုင်ငံစုံကစားပွဲ အတွက် မိခင် နိုင်ငံ အိုင်ဗရီကို့စ်သို့ ပြန်လွှတ်ပေးရ တော့မှာဖြစ်ပါတယ်။   ဒါကြောင့် ခဲျလ်ဆီးနည်းပြအန် ဆလော့တီက ''ကျွန်တော့်အသင်းမှာ ကစားပုံ နည်းနည်းပျောက်နေပုံရတယ်။ ဒါဟာလည်း နိုင်ပွဲတွေဆက်တိုက်မရ ခဲ့ရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ပိုင်းဆိုင် ရာပြဿနာပါ။ တစ်ရာသီမှာ အသင်း တိုင်းကတော့ အကြပ် အတည်းဆိုတာ ကြုံတွေ့ရစမြဲပါ။ လက်ရှိအနေအထားမှာ ကျွန်တော်တို့အသင်းနဲ့အတူ အခြား အသင်းတွေလည်း ပရီးမီးယားလိဂ်ချန်ပီ ယံ ဖြစ်နိုင်ချေရှိပါတယ်။ ဘယ်သူချန်ပီ ယံဖြစ်မလဲဆိုတာ အတိအကျပြောလို့ မရပါဘူး။ ကျွန်တော့်အသင်း ဟာ အာဆင်နယ်နဲ့ပွဲအထိ အကောင်းဆုံးခြေစွမ်း ရှိခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ခြေကျလာခဲ့ပါတယ်''လို့ အသင်းရဲ့ ဝက်ဘ်ဆိုက်မှာ ပြောကြားခဲ့ပါတယ်။