Main menu

Background

ယူနန်ကုန်သည်အသင်းရဲ့ ကိုယ်စားလှယ် ၇ဝ ကျော် စီးပွားရေးဆွေးနွေးရန်လာမည်

Thu, 01/14/2010 - 08:47 -- Anonymous (not verified)

   ကုန်သည်စက်မှုအသင်းချုပ်နဲ့ ယူနန်ပြည်နယ်ကုန်သည်များအသင်းတို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ UMFCCI-YPCC Economy and Trade Cooperation Forum ရဲ့ ဒုတိယအကြိမ်အစည်းအဝေးကို ၂ဝ၁ဝ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့များမှာ အသင်းချုပ်ရဲ့ မင်္ဂလာခန်းမမှာ ကျင်းပပြုလုပ်ရန်စီစဉ်လျက်ရှိကြောင်းကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြော ကြားချက်အရ သိရပါတယ်။   အဆိုပါအစည်းအဝေးသို့ ယူနန်ပြည်နယ်ရှိ သက်ဆိုင်ရာ အစိုးရဌာနများနဲ့ ကုန်သည်များအသင်းမှ ကိုယ်စားလှယ် (၇ဝ) ဦး ခန့် ရန်ကုန်မြို့သို့ လာရောက်၍ တက်ရောက်ကြမှာဖြစ်ပါတယ်။ ထိုအစည်းအဝေးတွင် နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများအပါအဝင် နှစ် နိုင်ငံအပြန်အလှန် ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနဲ့ ရင်းနှီး မြှုပ်နံှမှုလုပ်ငန်းများ ပူးပေါင်းဆောင် ရွက်နိုင်ရေးနဲ့ အဆင်ပြေချောမွေ့မှုရှိ စေရေး၊ နှစ်ဦးနှစ်ဖက်အစိုးရဌာန ကိုယ် စားလှယ်များနဲ့ စီးပွားရေးလုပ်ငန်းရှင် များအချင်းချင်းအကျိုးတူစီးပွား ရေးနဲ့ ရင်းနှီးမြှပ်နံှမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် စီးပွားရေးလုပ်ငန်းများအလိုက် တွေ့ဆုံဆွေးနွေးကြမှာဖြစ် တယ်လို့သိရပါတယ်။