Main menu

Background

ရန်ကုန်လေဆိပ်မှဝင်ရောက်သော အာရှခရီးသည်များအနက် ထိုင်းလူမျိုးမှာ အများဆုံးဖြစ်

Fri, 02/05/2010 - 12:05 -- Anonymous (not verified)

    မြန်မာနိုင်ငံသို့ ရန်ကုန်လေ ဆိပ်မှဝင်ရောက်လာခဲ့သော ခရီးသွား ဧည့်သည်များထဲတွင် ASIA မှာအများ ဆုံးဖြစ်ပြီး ၂၀၀၉ ခုနှစ်ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ၁၈၂၇၃ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။     ASIA ခရီးသည်များထဲတွင် ထိုင်းလူမျိုးများမှာ အများဆုံးဖြစ်ခဲ့ပြီး ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ၆၉၈၉ ဦးဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၏ စာရင်းများအရ သိရသည်။   ပြီးခဲ့သည့်ဒီဇင်ဘာလ အတွင်းက တရုတ်နိုင်ငံသား၂၁၇၁ ဦး၊ ဂျပန်နိုင်ငံသား ၁၈၃၂ ဦး၊ စင်္ကာပူ နိုင်ငံသား ၁၇၀၈ ဦး၊ တရုတ် (တိုင်ပေ) နိုင်ငံသား ၁၂၀၄ ဦး၊ ကိုရီးယားနိုင်ငံသား ၁၁၂၄ ဦး၊ မလေးရှားနိုင်ငံသား ၈၈၃ ဦး၊ အိန္ဒိယနိုင်ငံသား ၇၈၉ ဦး၊ ဟောင်ကောင်နိုင်ငံသား ၈၁၉ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၅ ဦး၊ အခြား လူမျိုးစုံ ၁၁၇၉ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။    ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ အတွင်း ASIA မှ ၁၀၇၃၇ ဦးဝင်ရောက် ခဲ့ပြီး ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ၁၈၂၇၃ ဦးဝင်ရောက်ခဲ့သဖြင့် ၇၅၃၆ ဦး ပိုမိုလာရောက်ခဲ့ကြောင်း သိရသည်။