Main menu

Background

ရန်ကုန် အိမ်ခြံမြေဈေးကွက်တွင် ဆိုင်ခန်းအငှားများတက်လာ

Thu, 01/28/2010 - 10:29 -- Anonymous (not verified)

   ၂၀၁၀ဇန်နဝါရီ တတိယအပတ်အတွင်း ဆိုင်ခန်းများ သိသိသာသာတက်လာကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်များက အတည်ပြုပြောကြားသည်။   ''အောင်ဆန်းကွင်းပတ်လည်မှာ ၄ထပ်ပါဆိုင်ခန်းကို ၇သိန်း၊ တာမွေဘက်မှာ ၄သိန်း-၅သိန်း၊ စမ်း ချောင်းနဲ့ကမာရွတ်လမ်းမကြီးတွေ ပေါ်မှာ ၅သိန်း-၆သိန်း၊ လှိုင်သာယာစက်မှုဇုန်မှာ ပစ္စည်းသိုလှောင်ဖို့ အတွက် ဂိုဒေါင်အငှားသိန်း ၂၀ တစ်လအငှားဈေးနှုန်းတွေနဲ့ အလုပ်ဖြစ်ခဲ့ကြတယ်။ အရောင်းအဝယ်ဘက်မှာတော့ မင်္ဂလာဒုံစက်မှုဇုန်ဘက်မှာ တစ်ဧက သိန်း ၃၅၀နဲ့ ၈ဧကလောက်အရောင်း အဝယ်တွေဆက်ဖြစ်ခဲ့တယ်။ ဈေးနှုန်းသက်သာတဲ့နေရာအချို့မှာ အရောင်းအဝယ်တွေဆက်ဖြစ်ခဲ့တယ်။ သိန်း ၁၀၀၀၊ ၁၅၀၀မြေကွက် အရောင်းတွေတော့တန့်သွားတယ်''ဟု ယူနတီအိမ်ခြံမြေကုမ္ပဏီမှ ဦးဇော်ဇော်ကသတင်းပေးပြောကြားသည်။    ခင်မျိုးသွယ်