Main menu

Background

ရုပ်ရှင်သရုပ်ဆောင်အဖြစ် ဂျိုကိုဗစ်ပါဝင်သရုပ်ဆောင်တော့မည်

Mon, 01/11/2010 - 07:54 -- Anonymous (not verified)

   ဆားဗီးယားတင်းနစ်ကစားသမား တစ်ဦးဖြစ်တဲ့ ဂျိုကိုဗစ်ဟာ အပိုင်း(၁ဝ) ပိုင်း ပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ အဓိက ဇာတ်ဆောင်အဖြစ် ပါဝင် ရုပ်ဆောင်တော့မယ်လို့ သိရပါတယ်။   ဂျိုကိုဗစ်ဟာ အဲဒီဇာတ်လမ်းတွဲ မှာယူရိုဆားဗီးယားနိုင်ငံရဲ့ဘုရင်မင်းမြတ်ဖြစ်ခဲ့တဲ့ အလက်ဇန္ဒားကာရာဒိုဂျီဗစ်အဖြစ် ပါဝင်သရုပ် ဆောင်ရမှာဖြစ်ပါတယ်။ အခုလို ရုပ်ရှင်သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခြင်းဟာ ဂျိုကိုဗစ်အတွက် ပထမဦးဆုံး အကြိမ်ပဲ ဖြစ်ပါတယ်။    ဂျိုကိုဗစ်ရဲ့ညီငယ် ဂျော်ဂျီကလည်း ဘုရင်မင်းမြတ်ရဲ့ငယ်ဘဝနေရာ မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ဒေါ် လာ ၄ ဒသမ ၂ သန်းအကုန်အကျခံ ရိုက်ကူးမှာဖြစ်ပြီး ၂ဝ၁၁ ခုနှစ်အတွင်း ရုံတင်ပြသမှာ ဖြစ်ပါတယ်။ဂျိုကိုဗစ်ဟာ ၂ဝဝ၃ ခုနှစ်ကတည်းက တင်းနစ်ကစားသမားအဖြစ် စတင်ဝင်ရောက်လာခဲ့ပြီး ဆုဖလား ၁၆ ကြိမ်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။