Main menu

Background

ရုရှားနည်းပြ ဟစ်ဒင့် လီဗာပူးသို့ရောက်တော့မည်

Thu, 01/28/2010 - 07:29 -- Anonymous (not verified)

   ရုရှားနိုင်ငံလက်ရွေးစင်ဘောလုံး အသင်းရဲ့ နာမည်ကြီးနည်းပြတစ်ဦးဖြစ်တဲ့ ဟစ်ဒင့်ဟာ လီဗာပူးအသင်းကို ပြောင်းရွှေ့ ကိုင်တွယ်တော့မှာဖြစ်ပါ တယ်။ ဟစ်ဒင့်ဟာ ရုရှားလက်ရွေးစင် အသင်းကို ဆက်လက်ကိုင်တွယ်ရန် ကိစ္စနဲ့ပတ်သက်ပြီး ရုရှား ဘောလုံးအဖွဲ့ခုျပ်မှ တာဝန်ရှိသူများနဲ့တွေ့ဆုံ ဆွေးနွေးရာမှာ သဘောတူညီမှု မရရှိခဲ့ ပါက လီဗာပူးအသင်းကို ပြောင်းရွှေ့ တာဝန်ယူမှာ ဖြစ်ပါတယ်။   ရုရှားဘောလုံးအဖွဲ့ခုျပ်ကို ခဲျလ် ဆီးအသင်းပိုင်ရှင် ရုရှားသူဌေး အေ ဘရာမိုဗစ်ချ်က ငွေကြေးထောက်ပံ့မှု တွေ ရပ်ဆိုင်း လိုက် တဲ့အတွက် ရုရှား ဘောလုံးအဖွဲ့ခုျပ်အနေနဲ့ တစ်နှစ်လျှင် လစာငွေပေါင် ၆ ဒသမ ၂၅ သန်းပေး နေရတဲ့ဟစ်ဒင့် အတွက်အဆိုပါလစာငွေ အတိုင်းပေးဆောင်ရန်ကိစ္စမှာ မလွယ် ကူလှပေ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှား ဘောလုံးအဖွဲ့ခုျပ် ဥက္ကဌ သစ်ဖြစ်လာမယ့် ဆာဂျီဖာဆန်ကိုနဲ့တွေ့ဆုံညှိနှိုင်းမှု များပြုလုပ်ပြီးမှသာ လီဗာပူးအသင်းကို ပြောင်းရွှေ့တာဝန်ယူမှာဖြစ်ပါတယ်။   ဟစ်ဒင့်ဟာ ယူရို ၂ဝဝ၈မတိုင်မီ ကလည်း ရုရှားဘောလုံးအဖွဲ့ခုျပ်ထံမှ ၂ ကြိမ်တိုင်တိုင်လစာနောက်ကျမှရခဲ့ ဖူးတဲ့အတွက် ရုရှားဘောလုံးအဖွဲ့ခုျပ် အပေါ် စိတ်ပျက်မိကြောင်း ပြောကြားခဲ့ ပါတယ်။   လီဗာပူးအသင်းအနေနဲ့ လက်ရှိ အခြေအနေမှာ ရလဒ်များဆိုးဝါးနေပြီး နည်းပြဘင်နီတက်ဇ်မှာ ဖိအားများရှိနေသလို အသင်း ပိုင်ရှင်များနဲ့လည်းအဆင် မပြေမှုများဖြစ်နေတယ် လို့ဆိုပါတယ်။