Main menu

Background

ရေကြည်ဆန်စပါးကုမဏီ တောင်သူများနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ပြီ

Sun, 06/28/2009 - 14:23 -- cjadmin

လယ်ယာကဏ္ဍဖွံ့ဖြိုးမှုအတွက် အရှိန်အဟုန်နဲ့ တိုးမြှင့်စိုက်ပျိုး ထုတ်လုပ်နိုင်ဖို့ ဧရာဝတီတိုင်း ရေကြည် မြို့နယ်မှာ မက်(စ်) မြန်မာကုမ္ပဏီက ဦးဆောင်ပြီး၊ ဒေသခံကုန်သည် လုပ်ငန်းရှင် တောင်သူများ ပါဝင်တဲ့ ရေကြည်ဆန်စပါးရောင်းဝယ်ရေးကုမ္ပဏီ လီမိတက် ကို ဖွဲ့စည်း ထူထောင် ခဲ့ပြီးပါပြီ။ ကုမ္ပဏီကို ဦးဆောင်ကုမ္ပဏီ က မန်နေဂျင်း ဒါရိုက်တာတစ်ဦး၊ ဒါရိုက်တာ အဖွဲ့ဝင် ၄ ဦးနဲ့ ဒေသခံများမှ ဒါရိုက်တာ အဖွဲ့ဝင် ၄ ဦး၊ ပေါင်း ၉ ဦးနဲ့ ဒေသခံ ကုန်သည်လုပ်ငန်းရှင်၊ တောင်သူရှယ်ယာရှင် ၃၄ ဦး၊ စုစုပေါင်း ၄၃ ဦးနဲ့ ဖွဲ့စည်းတည်ထောင်ထားပါတယ်လို့ သိရပါတယ်။ ကုမ္ပဏီ နဲ့ တောင်သူ အကျိုးတူ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ်အရ စပါးစိုက်ပျိုးရာသီ အမီ၊ အထွက်နှုန်းတိုးတက် ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ၂၀၀၉-၂၀၁၀ ခုနှစ် မိုးစပါးစိုက်ဧက ၁၀၀၀၀ ကို ၂၀၀၉ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ကစပြီး သွင်းအားစုနဲ့ စိုက်ပျိုးစရိတ်ငွေတွေ စတင်ပံ့ပိုးပေးနေပြီ ဖြစ်ပါတယ်။ လယ်မြေတစ်ဧကကို သွင်းအားစုအနေနဲ့ (ရွှေတောင်တံဆိပ်)၊ ယူရီးယားပုလဲ ဓာတ်မြေသြဇာ အိတ်တစ်ဝက်နဲ့ စိုက်ပျိုး စရိတ်ငွေ ၂၀၀၀၀ ကျပ်၊ သွင်းအားစုနဲ့ စိုက်ပျိုးစရိတ် တန်ဖိုးငွေ ၂ ရပ် ပေါင်း ၃၀၄၀၀ ကျပ်ကို စိုက်ပျိုးချိန်မှာ စတင်ပံ့ပိုးပေးမှာဖြစ်ပြီး ရိတ်သိမ်းချိန် မှာလည်း တစ်ဧကကို ၂၀၀၀၀ ကျပ် ထပ်မံပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ဖွဲ့စည်းထားတဲ့ ဒါရိုက်တာများ၊ အစု ရှယ်ယာရှင်များ၊ ကုန်သည် ဆန်စက်ပိုင်ရှင်ကြီးများကို သက်ဆိုင်ရာကျေးရွာ အုပ်စုများအလိုက် အသီးသီးတာဝန် ခွဲေ၀ သတ်မှတ် ပေးထားပြီး တောင်သူများ ရဲ့ လယ်ယာလုပ်ငန်းခွင်ကို အဘက်ဘက်မှ တိုးတက် အောင်မြင်မှုရှိစေဖို့ ဌာနဆိုင်ရာများနဲ့ ပူးပေါင်းကာ တောင်သူများနဲ့ ကွင်းဆင်းထိတွေ့ပြီး ပံ့ပိုး ကူညီဆောင်ရွက်သွားဖို့လည်း စီမံ ဆောင်ရွက်ထားကြောင်းလည်း သိရှိ ရပါတယ်။ အေးသိမ်း