Main menu

Background

ရေခဲငါးမျိုးများကို စမ်းသပ်သားဖောက်မည်

Mon, 01/18/2010 - 05:53 -- Anonymous (not verified)

   ကချင်ပြည်နယ်၊ ပူတာအို ဒေသရင်း၊  ငါးမျိုးးများဖြစ်သော ငါးတောက်၊ ငါးနီ၊ ငါးဝိုင်းအစရှိသည့် ရေခဲငါးများကို ၂ဝ၁ဝ ခုနှစ် သား ဖောက်ရာသီတွင် ငါးလုပ်ငန်းဦးစီးဌာနက  စမ်းသပ်သားဖောက်လုပ်ကိုင်မည်ဖြစ်ကြောင်း၊ဇန်နဝါရီလ၂ ရက်နေ့က မွေးမြူရေးနှင့်ရေ လုပ်ငန်းဝန်ကြီးဌာနဝန်ကြီးက တရားဝင်ပြောကြားသည်။    ရေခဲငါးများကို စမ်းသပ်သားဖောက်နိုင်ရန်အတွက် ကချင်ပြည်နယ်၊ ပူတာအိုဒေသတွင် ၂ဝဝ၉ ခုနှစ်ကစတင်၍ ငါးလုပ်ငန်းဦးစီး ဌာနက ငါးလုပ်ငန်းစခန်းဖွင့်လှစ်ကာ ရေခဲငါးမျိုးများကို စုဆောင်းလျက်ရှိကြောင်း ယင်းငါးများကိုသားဖောက်ရာတွင် ဗီယက်နမ် နိုင်ငံ၏နည်းပညာကို အသုံးပြုမှာဖြစ်ကြောင်း ဝန်ကြီးက ထပ်လောင်း ပြောကြားသည်။  ရေခဲငါးမျိုးများကိုစမ်းသပ်သားဖောက်လုပ်ကိုင်ခြင်းမှာ ငါးမွေးမြူရေးအပိုင်းအနေဖြင့်ခြေလှမ်းသစ်တိုးခဲျ့ရာတွင် တောင်ပေါ် မြေပြန့် ငါးစားသုံးမှု မကွာဟစေရန်ရည်ရွယ်လုပ်ကိုင်ခြင်းဖြစ်ကြောင်းသိရသည်။ခင်မျိုးသွယ်