Main menu

Background

ရေထွက်ကုန်ပစ္စည်းများကိုနိုင်ငံပေါင်း၃၃နိုင်ငံသို့တင်ပို့နေ

Wed, 01/13/2010 - 09:59 -- Anonymous (not verified)

    မြန်မာနိုင်ငံမှထွက်ရှိသော ရေထွက်ကုန်ပစ္စည်းများကို နိုင်ငံပေါင်း ၃၃နိုင်ငံသို့တင်ပို့ရောင်းချနေရကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် အစည်းအဝေးမှသိရသည်။     ယင်းသို့ တင်ပို့ရာတွင် ၂ဝဝ၆-၂ဝဝ၇တွင် မက်ထရစ်တန် ၃၄ဝဝဝဝကျော် တင်ပို့ခဲ့ရာ ဒေါ်လာ သန်း ၄၆ဝကျော်ကို လည်းကောင်း၊ ၂ဝဝ၇-၂ဝဝ၈တွင်မက်ထရစ်တန် ၃၅ဝဝဝဝ ကျော်တင်ပို့ခဲ့ရာ ဒေါ်လာ သန်း ၅၆ဝကျော်ကို လည်းကောင်း၊ ၂ဝဝ၈ - ၂ဝဝ၉ တွင်မက်ထရစ်တန် ၃၂ဝဝဝဝ ကျော်တင်ပို့ခဲ့ရာ ဒေါ်လာ သန်း ၄၈ဝကျော်ကိုလည်းကောင်း ရရှိခဲ့သည်။    ၂ဝဝ၉-၂ဝ၁ဝဘဏ္ဍာနှစ် အတွက် ဧပြီလ၁ရက်နေ့မှ ဒီဇင် ဘာလ၂၇ရက်နေ့အထိ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာသန်း ၃၄ဝကျော်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။    ခင်မျိုးသွယ်