Main menu

Background

ရေလုပ်ငန်းလုပ်ကိုင်ရန် ကုမ္ပဏီကြီး ၄ခု ဝင်ရောက်လာ

Thu, 01/28/2010 - 10:00 -- Anonymous (not verified)

   ရန်ကုန်မြို့ အခြေစိုက် ရေလုပ်ငန်းကုမ္ပဏီကြီး၄ခုက ရေလုပ်ငန်းတွင်လုပ်ကိုင်ရန်အတွက် ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ၃မိုင်မြို့ သစ်တွင် စက်ရုံများတည်ဆောက်ရန်စီစဉ်နေပြီ ဖြစ်သည်။   ''လပွတ္တာမြို့ဟာ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့အတွက် ရေလုပ်ငန်းကဏ္ဍ ပြန်လည်ထူထောင်နိုင်ဖို့အတွက် စက်ရုံတွေထူထောင်လုပ် ကိုင်ဖို့ ၂၀၀၉ခုနှစ် မိုးလယ်လောက်က မြေကွက်တွေဖေါ်ထုတ်ဖို့စီစဉ်ခဲ့တာပါ။ အခုဆိုရင်လမ်းတွေပြီးစီးနေတဲ့အပြင် လျှပ်စစ်မီးပါ ရတော့မှာပါ။ ဒါ့အပြင် ၆၆ဧကမြေအကျယ်ပေါ်မှာ ရေဂါလံ သန်း ၂၅၀ဆံ့တဲ့ရေလှောင်ကန်ကြီးတည်ဆောက်နေပါပြီ။ အဲ့ဒီရေ လှောင်ကန်က စက်ရုံတွေနဲ့မြို့ထဲကိုပါရေဖြန့်ဝေပေးမှာပါ။ ဒါကြောင့် ရန်ကုန်မြို့အခြေစိုက် ရေလုပ်ငန်းကုမ္ပဏီ ကီးတွေဖြစ်တဲ့ ရွှေယမုံ၊ ဝါဝါ၀င်း၊ TZTN နဲ့ဂရိတ်အင်တာနေရှင်နယ်ကုမ္ပဏီ တို့ကနေ အအေးခန်းစက်ရုံတွေတည်ဆောက်ဖို့ပြင်ဆင်နေပါပြီ'' ဟု၃မိုင် မြို့သစ်တွင် ရင်းနှီးမြုပ်နှံ လုပ်ကိုင်မည့် ရေလုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။ လပွတ္တာမြို့တွင်ယခင်က ငါး၊ပုစွန်၊ ကဏန်း ကုန်ကြမ်း များပေါများသည်။ရေလုပ်ငန်းထွန်းကားသည့်မြို့ဖြစ်ခဲ့ပြီး ယခုအခါကမ်းဝေးလိုင်စင်ရ လှေ ၇၀ခန့်နှင့် ကမ်းနီးစက်တပ်လှေ၃၀၀ ခန့်ရှိသဖြင့် ကုန်ကြမ်းပေါများကာ လုပ်သားအင်အား အလွယ်တကူ ရနိုင်သည့်မြို့ဖြစ်ကြောင်းသိရသည်။    ခင်မျိုးသွယ်