Main menu

Background

ရေလုပ်ငန်းအငြင်းပွားမှု ဖြေရှင်းရေးကော်မတီမှ အမှုကြီးတစ်ခုဖြေရှင်းပေးနိုင်ခဲ့

Mon, 01/11/2010 - 06:32 -- Anonymous (not verified)

    ရေလုပ်ငန်းဆိုင်ရာ အငြင်းပွားမှု ဖြေရှင်းရေးကော်မတီအနေဖြင့် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖက်နှင့် တစ်ဖက် နားလည်မှု လွဲမှား၍သော် လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်ရန်ရှိသည့် တာဝန်နှင့်ဝတ္တရားများပျက်ကွက်မှု၊ အငြင်းပွားမှု၊ မပြေလည်မှု ကိစ္စများ ပေါ်ပေါက်ပါကလည်းကောင်း နှစ်ဦးနှစ်ဖက်ပြေလည်သည်အထိ ညှိနှိုင်းပေးလျက်ရှိရာ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ကျပ်သိန်း ၇၀၀ အငြင်းပွားမှု အမှုကြီးတစ်ခု ကို အောင်မြင်စွာဖြေရှင်းပေးနိုင်ခဲ့ပြီဖြစ်သည်။    ''ကော်မတီအနေနဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ ရေလုပ်ငန်းနဲ့ပတ်သက်တဲ့ အငြင်းပွားမှု အမှု ၁၀ ခုကိုလက်ခံဖြေရှင်းပေးခဲ့ပါ တယ်။ အဲဒီအမှုတွေထဲမှာ ကျပ် သိန်း ၇၀၀ အမှုကြီးတစ်ခုပါဝင်ခဲ့ပါတယ်'' ဟု  ယင်းကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောပြသည်။    အဆိုပါ ရေလုပ်ငန်းအငြင်းပွားမှုဖြေရှင်းရေးကော်မတီကို ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး၊ သတ်မှတ် ဥပဒေနှင့်စည်းမျဉ်းစည်းကမ်းဖျောက်ဖျက်သည့်ကိစ္စ၊ ငွေကြေးဆိုင်ရာမရိုးသားမှုကိစ္စများနှင့် ပတ်သက်၍ မှန်မှန်ကန်ကန်သမာသမတ် ရှိရှိ ဆုံးဖြတ်ပေးရန်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ ခင်မျိုးသွယ်