Main menu

Background

ရေဦးမှ နေပြည်တော်-ရန်ကုန်သို့ ယာဉ်လိုင်းတိုးချဲ့ပြေးဆွဲ

Thu, 07/02/2009 - 20:08 -- cjadmin

ယခင်က ရေဦးမှ နေပြည်တော်-ရန်ကုန်သို့ ယာဉ်လိုင်းပြေးဆွဲမှု မရှိသေးဘဲ မုံရွာ၊ မန္တလေးထိသာ အမြန်ယာဉ်လိုင်းများ ဖြစ်တဲ့ မန္တလာဦး၊ အောင်ရတနာ၊ ရွှေနိုင်ငံယာဉ်လိုင်း ၃ လိုင်းဖြင့် မုံရွာ-မန္တလေးအထိသာ ပြေးဆွဲပေးခဲ့ပါတယ်။ နေပြည်တော်-ရန်ကုန်သို့ ဆက်လက် သွားရောက်ရမည့် ခရီးသည်များ အတွက် မုံရွာမှဖြစ်စေ၊ မန္တလေးမှ ဖြစ်စေ ခရီးစဉ် အဆင့်ဆင့်ရွှေ့ပြောင်း သွားလာ စီးနင်းရတဲ့အတွက် အချိန်ကုန်ခြင်း၊ လူပင်ပမ်းခြင်းစတဲ့ အခက်အခဲများ ဖြစ်ပေါ်ခဲ့ရပါတယ်။ ၎င်းအခက်အခဲများ ကျော်လွှား ဖြတ်သန်းစေရန် တန့်ဆည်၊ ခင်ဦး၊ရေဦးမြို့နယ်များမှ ခရီးသွားများ သွားရေး၊ လာရေး ပိုမို အဆင်ပြေချောမွေ့စေရေး အတွက် ရေဦးမြို့မှစတင်ပြီး နေပြည်တော်-ရန်ကုန်ခရီးစဉ် ကိုစိန်ဌေးလှိုင် အမြန်ယာဉ်လိုင်းမှ ယာဉ်လိုင်း တစ်လိုင်း ထပ်မံတိုးချဲ့ပြီး ၁.၆.၂၀၀၉ နေ့မှ စတင်ပြီး ပြေးဆွဲပေးနေပြီ ဖြစ်ကြောင်း သိရပါတယ်။ ရေဦးမှ နံနက် ၁၁း၃၀ နာရီမှ စတင်ထွက်ခွာပြီး ရေဦး-နေပြည်တော် လူတစ်ဦး ၁၀၀၀၀ ကျပ်၊ ရေဦး-ရန်ကုန်လူတစ်ဦး ၁၄၀၀၀ ကျပ်နှုန်း ဖြစ်ပြီး ရန်ကုန် မှ ရေဦးသို့ ညနေ ၂း၀၀ နာရီ ထွက်ခွာမှာ ဖြစ်ကြောင်း သိရပါတယ်။အောင်မင်း