Main menu

Background

ရော်ဘာဈေးတိုးလာလို့ တိုးခဲျ့စိုက်ပျိုးဖို့စီစဉ်

Tue, 01/26/2010 - 04:21 -- Anonymous (not verified)

     ၂ဝဝ၉ ဒီဇင်ဘာလနောက်ဆုံး ပတ်က မြစ်ကြီးနားရော်ဘာပေါက်ဈေး တစ်ပေါင် ၁ဝ၂ဝ ကျပ်၊ ၁ဝ၅ဝ ကျပ်နဲ့ ဈေးငြိမ်နေရာက ၂ဝ၁ဝ ဇန်နဝါရီ ပထမပတ်မှာ ၁ဝ၅ဝ ကျပ်၊ ၁၁ဝဝ ကျပ် ဈေးမြင့်လာခဲ့ပြီး၊ ဇန်နဝါရီလ ၁၇ ရက် နေ့ကစလို့ ၁၂၅ဝ ကျပ် ဈေးထိဝယ်ယူတယ်လို့ သိရပါတယ်။ မြစ်ကြီးနား ရော်ဘာဈေးကွက်ကတော့ အဆင့်အတန်း သတ်မှတ်ခြင်းမရှိသေးဘဲ ဝယ်ယူတာဖြစ်ပြီး၊ မန္တလေး ဈေးကွက်က ဈေးတိုးမှာယူလို့ ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဇန်နဝါရီလအတွင်း ၂၁ ရက်နေ့အထိ မန္တလေးကို ရော်ဘာ ၁၇၂၈ဝ ပေါင် တင်ပို့နိုင် ခဲ့ပါတယ်။     ရော်ဘာစေးခြစ်ကာလဟာ မိုးမကျမီအချိန်ထိဖြစ်လို့ ယခုအချိန်ဟာ မနှစ်ကအခြေအနေနဲ့ယှဉ်ရင် ရော်ဘာဈေးလည်းကောင်း၊ အစေး ထုတ်လုပ်မှုလည်း အချိန်ကောင်းဖြစ်နေတာကြောင့် ခြံရှင်၊လုပ်သား၊ကုန်သည်များလုပ်ငန်းအဆင်ပြေသွက်လက်ကြလို့ ရော်ဘာ တိုးခဲျ့စိုက်ပျိုးဖို့လည်း စီစဉ်နေကြတယ်လို့ သိရပါတယ်။                                                                    မောင်မောင်ခိုင်