Main menu

Background

ရွှေဈေးခြောက်သိန်းဝန်းကျင် ရှိသော်လည်း ဈေးတက်သည်ဟု မဆိုနိုင်သေး

Tue, 01/19/2010 - 05:20 -- Anonymous (not verified)

     ယခုအခါတွင် မြန်မာနိုင်ငံဒေါ်လာပေါက်ဈေးမှာ ပိုမိုခိုင်မာလာသည့်အတွက် ရွှေဈေးနှုန်းများ ခြောက်သိန်းဝန်းကျင်ရှိလာသော် လည်း ဈေးတက်သည်ဟု မဆိုနိုင်ကြောင်း ရွှေလုပ်ငန်းဦးရွှေကြည်က ပြောကြားသည်။      မြန်မာ FEC  ထွက်ပြီးတဲ့ကာလတစ်လျှောက် ဒီလောက်ဈေးတက်တာမတွေ့သေးဘူး။ ဒီလောက်ရှားတာကိုလည်း မတွေ့သေးဘူး။ ရွှေဈေးက ကမ္ဘာ့ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းပေါ် မူတည်တယ်ဆိုပေမယ့် ငွေကြေးခိုင်မာလာလို့ရှိရင် ပြည်တွင်း ရွှေဈေးက ကမ္ဘာ့ရွှေဈေး ဘယ်လောက်တက်တက် မတက်တော့ဘူး။ ဈေးကွက်မှာရှိတဲ့ ကျန်တဲ့လူတွေက ငွေကြေး ခိုင်မာတော့ လက်တလော ဈေးကွက်မှာ ဘယ်ပစ္စည်းကောင်းတယ်ဆိုတာ မခန့်မှန်းနိုင်ကြတော့ ရွှေဘက်ကိုဦးလှည့်လာကြတယ်။ ဒါကြောင့် ရွှေဈေးက ခြောက်သိန်းဝန်းကျင်ဖြစ်နေတာဟု ၎င်းကပြောသည်။     ယခုအခါတွင် မြန်မာ့ရွှေဈေးမှာ ၁၅-၁-၂ဝ၁ဝ ရက်နေ့တွင် အခေါက် ရွှေဈေး တစ်ကျပ်သား ၆ဝ၅ဝဝဝ ကျပ်၊ ၁၅ ပဲရည် ၅၄ဝဝဝဝ ကျပ်ဖြစ်ပေါ်နေကြောင်း သိရသည်။                                                                                                                                မင်းသန့်