Main menu

Background

ရွှေဈေးပြန်လည်ကျဆင်းနိုင်သည်ဟု ခန့်မှန်း

Tue, 01/26/2010 - 05:16 -- Anonymous (not verified)

    ယခုတစ်ပတ်အတွင်း ရွှေဈေးနှုန်းမှာ ကျပ်ခြောက်သိန်းဝန်းကျင်တွင် ဈေးငြိမ်နေသော်လည်း ရွှေဈေးနှုန်းပြန်လည်ကျဆင်းမယ်လို့ ခန့်မှန်းရကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးရွှေကြည် ကဆိုပါတယ်။    ''ပြည်တွင်းရွှေဈေးနှုန်းက ကမ္ဘာ့ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲတဲ့နှုန်းထားအပေါ်ကို မူတည်နေ တယ်။ ပြည်ပမှာ ဒေါ်လာဈေးတက်ရင် ရွှေဈေးကျတယ်။ ဒေါ်လာဈေးကျရင် ရွှေဈေးတက်တယ် ဆိုတာ အကြမ်းဖျင်းတွက်လို့ရတယ်။ အခုပြည်တွင်းရွှေဈေးက ကျပ်ခြောက်သိန်းဝန်းကျင်မှာ တန့်နေတယ်။ ဒါပေမယ့် ဇန်နဝါရီလ ၂၁ ရက်နေ့ ကမ္ဘာ့ရွှေဈေးနဲ့ တွက်ကြည့်မယ်ဆိုရင် ပြည်တွင်းရွှေဈေးက သိပ်မမြင့်ဘူး၊ နိုင်ငံခြားငွေလဲလှယ်နှုန်းအရ ဒေါ်လာဈေးကို ပြန်ကြည့်မယ် ဆိုရင်လည်း ဈေးတက်လာတဲ့အတွက် ကမ္ဘာ့ရွှေဈေးပြန်ကျဖို့ဘက်ကို ပြနေတယ်လို့ ပြောလို့ရ တယ်။ ရွှေဈေးက ခြောက်သိန်းဝန်းကျင်မှာ ရှိနေတယ်ဆိုတဲ့အတွက် အဝယ်လိုက်တယ်လို့ပြော လို့ရတယ်။ အဝယ်ရှိလို့ ဈေးမကျတာဘဲ။ တကယ်လို့ ဈေးကျရင်လည်း ကျပ်ခြောက်သိန်း အောက်ကို အများကြီး မဆင်းနိုင်ဘူး ငွေလဲလှယ်နှုန်းပေါ်လည်းတည်တယ်'' လို့ ဦးရွှေကြည်က ဆိုပါတယ်။    ယခင်က ရွှေဈေးမှာ ကုန်သည် အချို့ရဲ့ ဈေးကစားမှုကြောင့် လယ်ယာလုပ်ကိုင်သူများ သီးနံှ ပေါ်ချိန်၊ အလှုပွဲများ ပြုလုပ်ချိန်တွင် ဈေးတက်ပြီး သီးနံှစိုက်ပျိုးချိန် လိုအပ်သော အရင်းအနှီးရဖို့ ရွှေကိုပြန်လည်ထုတ်ရောင်းချိန်တွင် ဈေးကျတတ်သော်လည်း ယခုအခါ ပြည်သူများမှ အသိ အမြင်ပိုကျယ်လာတဲ့အတွက် ရွှေဈေးကို ထင်သလိုကစားလို့မရပဲ သုံးသပ်ရောင်းဝယ်လာကြ ပါတယ်။ ပြီးခဲ့တဲ့ ၂ဝဝ၉ ခုနှစ် ရွှေဈေးကို ပြန်ကြည့်မယ်ဆိုပါကလည်း အထက်တွင် ဖော်ပြခဲ့ သလို သီးနံှပေါ်ချိန်၊ စိုက်ပျိုးချိန်များတွင် အတက်အကျကြီးကြီးမားမား မရှိတော့ဘဲ ယခုလက်ရှိ ပြည်တွင်း ရွှေပေါက်ဈေးမှာ ၆ဝ၄ဝဝဝ ကျပ်၊ ကမ္ဘာ့ရွှေဈေးမှာ အမေရိကန်ဒေါ်လာ ၁ဝ၉ဝ ဝန်း ကျင်ရှိတယ်လို့ သိရပါတယ်။    မင်းသန့်