Main menu

Background

လိုအပ်ချက်စောင့်တဲ့ ဖရဲ

Tue, 01/19/2010 - 09:36 -- Anonymous (not verified)

    သခွားမွှေးလို ဖရဲဟာလဲ မူဆယ်ဈေးကွက်ကိုဘဲ သွားနေပါတယ်။ ၁ဝ၅ မိုင်ရဲ့ တစ်နေ့ ဖရဲကားအဝင် ၆ဝ-၅ဝကြား ဝင်နေတယ်လို့ သိရပါတယ်။ ရှေ့လဆိုရင် ဖရဲတွေ ဒီထက်ပိုပေါမှာ ဖြစ်တာကြောင့် အဝင်လဲပိုများလာမယ်။ ခုချိန်ဖရဲဈေး ကျတော့ နိမ့်နေသေးတယ် အဝင်များ တာကြောင့် ဈေးနိမ့်နေတာမဟုတ်ဘဲ ဝယ်လက်က လိုအပ်ချက်မရှိသေးတဲ့အတွက် ဈေးနိမ့်နေတာလို့ သိရပါတယ်။ ဇန်နဝါရီလ ၁၃ ရက်က တစ်ကီလိုကို ၂ ယွမ် (၃ဝဝ ကျပ်ခန့်)နဲ့ ၃ ယွမ် (၄၅ဝ ကျပ်) ကြား ရှိတယ်လို့ သိရပါတယ်။ မန္တလေးသစ်သီးပွဲရုံမှာ အဝင်မရှိဘူး၊ လဆန်း ပိုင်းကသာဝင်တယ်၊ ဈေးလဲနိမ့်သေးတယ်၊ ရှေ့ လဆိုရင် ဖရဲတွေပေါတော့မှာဖြစ်ပြီး ပူတဲ့အပိုင်းလဲရောက်လာမှာဖြစ်တာ ကြောင့် ဖရဲရောင်းအား လဲကောင်းလာမှာဖြစ်တယ်လို့သိရပါတယ်။ အေးအေးတင့်   သစ်သီးဝလံဈေးနှုန်း (ရန်ကုန်)သစ်သီးအမည်   ရေတွက်ပုံ    ဈေးနှုန်း(ကျပ်)ကွဲျကောသီး          လုံး           ၅ဝဝ-၈ဝဝသင်္ဘောသီး            ။             ၁ဝဝ-၃ဝဝ နာနတ်သီး             ။                ၅ဝဝပန်းသစ်တော်         ။                ၄ဝဝဖရဲသီး                  ။             ၄ဝဝ-၅ဝဝဒူးရင်းသီး              ။            ၁၅ဝဝ-၈ဝဝဝပန်းသီး                 ။           ၂ဝဝ-၄ဝဝလိမ္မော်သီး            ။              ၅ဝ-၁ဝဝထောပတ်သီး       လုံး           ၁၅ဝ-၃ဝဝဆီးသီး               လုံး                ၇ဝ ရန်ကုန်။ သီရိမင်္ဂလာဈေးမှ (၁၃.၁ .၂ဝ၁ဝ) ရက်နေ့တွင် စုံစမ်းရရှိသောဈေးများ ဖြစ်ပါသည်။    သြဝင်း