Main menu

Background

လေယာဉ်မှူးဖြစ်ချင်သူများ အွန်လိုင်းမှတစ်ဆင့် အခွင့်အလမ်းများစွာရှာဖွေနိုင်

Wed, 01/20/2010 - 07:39 -- Anonymous (not verified)

    လေယာဉ်မှူးဖြစ်ချင်ကြသူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများကို အွန်လိုင်းမှတစ်ဆင့် ရှာဖွေနိုင် ကြောင်း Myanmar International Education Consultants Association , MIECA  မှမန်းနေဂျင်းဒါရိုက်တာ ဦးကျော်သူကပြောကြားသည်။     လက်ရှိကမ္ဘာ့နိုင်ငံ အသီးသီး၌ လေယာဉ်မှူးလိုအပ်ချက်များစွာရှိပြီး အရည်အချင်းရှိ မြန်မာလေယာဉ်မှူးများ အနေဖြင့် အလုပ် အကိုင်အခွင့်အလမ်း ပေါများလျက်ရှိကြောင်း၊ လေယာဉ်မှူးးကောင်းတစ်ဦးဖြစ်ရန်  Pilot Career  Parthway အဖြစ် အချက် ခုနစ်ချက်လိုအပ်ပြီး ၎င်းတို့မှာ အပျော်စီး လေယာဉ်မှူးလိုင်စင် (ပံျသန်းချိန် နာရီ ၅ဝ)၊ လေယာဉ်မှူး လိုင်စင် (စုစုပေါင်း နာရီ ၁၅ဝ ၊ အင်ဂျင်တစ်လုံး လေယာဉ်ဖြင့် ပံျသန်းချိန် နာရီ ၁ဝဝ နှင့် အင်ဂျင် နှစ်လုံးတပ် လေယာဉ်ဖြင့် ပံျသန်းချိန် ၅ဝ နာရီ)၊ CPL/IR: Commercial Pilot License  with  Instrument Rating (Instrument Ratting  ရရှိပြီးသော ကုန်သွယ်လေကြောင်း လေယာဉ်မှူးလိုင်စင်)၊ ATPL  Air  Transport Pilot License  (နိုင်ငံတကာ ကုန်သွယ်လေကြောင်း လေယာဉ်မှူးလိုင်စင်)၊ နိုင်ငံတကာ လေကြောင်းလိုင်းများတွင် အလုပ်ရရှိရန်လိုအပ်သည့် conducted  by  Civil Aviation Authority ,  United Kingdom , ( CAA UK)  လိုင်စင်၊ Aviation English Level 4 as Prescribed by ICAO in March 2008 , ICAO; International Civil Aviation   Organitation  CPL / IR with Frozen ATP + Aviation English Level 4 တို့ဖြစ်ကြောင်း သိရသည်။     ''အဲဒီအချက် (၇) ချက်ထဲမှာ တစ်ကနေသုံးအထိ ကျွမ်းကျင်မယ်ဆို ဖိလစ်ပိုင်နိုင်ငံရဲ့ လေယာဉ်မှူး လိုအပ်ချက် အလုပ် အကိုင်အခွင့်အလမ်း ရရှိမှာပါ၊ တစ်ကနေ ခြောက်အထိဆိုရင် မလေးရှားမှာ ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်လို့ရပါပြီ၊ အချက်ခုနှစ်ချက်လုံး ပြည့်စုံရင်တော့ နိုင်ငံတကာလေယာဉ်မှူး အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများပြီး လူကိုအလုပ်ကလိုက် ရှာနေပါလိမ့်မယ်'' ဟု ဦးကျော်သူက ဆိုသည်။ အွန်လိုင်းမှ တစ်ဆင့် အလုပ် ရှာဖွေခြင်းကို www.airlinejobfinder.com ကဲ့သို့သော ဝဘ်ဆိုက်မျိုးမှ တစ်ဆင့် ရှာဖွေနိုင်ပြီး ဝဘ်ဆိုက်မှ တစ်ဆင့် ကိုယ်ရေးရာဇဝင် အချက်အလက် ဖြည့်စွက်ပေးခြင်းမှအစ ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။