Main menu

Background

လွတ်လပ်တဲ့ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းဥပဒေများကို အင်ဒိုနီးရှားက အပြီးသတ်ရေးဆွဲ

Mon, 01/11/2010 - 07:21 -- Anonymous (not verified)

   လာမဲ့နှစ် ဇန်နဝါရီ ၁ ရက် မှာ စတင်အကျိုးသက်ရောက်တဲ့ အာဆီယံနဲ့တရုတ် လွတ်လပ်တဲ့သဘောတူစာခုျပ် (အေစီအက်ဖ် တီအေ)အပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့အတွက် ဝန်ကြီးအဆင့်စည်းမျဉ်းဥပဒေများကို အပြီးသတ် ရေးဆွဲပြီးကြောင်း အင်ဒိုနီးရှားဘဏ္ဍာရေးဝန်ကြီးဌာန ဒီဇင်ဘာ  ၂၈ ရက်နေ့က ပြောကြားပါတယ်။   အေစီအက်ဖ်တီအေနဲ့ ပတ်သက်ပြီး ပြည်တွင်းစက်မှု လုပ်ငန်းအချို့က ကန့်ကွက်ဆန့်ကျင်မှုများ ရှိခဲ့ပါတယ်။ အေစီ အက်ဖ်တီ အေအရ ပြဌာန်းထားတဲ့ ပုဒ်မတွေကို ဆန့်ကျင်မှုမရှိစေပဲ ပြည်တွင်းစက်မှု လုပ်ငန်းတွေကို အကာအကွယ်ပေးနိုင်ဖို့ အစိုးရက အစီအစဉ်များ ရေးဆွဲထားပြီးဖြစ်ကြောင်း စီးပွားရေးပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီး ဟာတာရတ်ဂျာဆာက ပြောကြားပါတယ်။