Main menu

Background

လှိုင်သာယာစက်မှုဇုန် အငှားအား ၃၀ရာခိုင်နှုန်းတက်

Tue, 01/19/2010 - 08:37 -- Anonymous (not verified)

   ၂၀၁၀ဇန်နဝါရီလအတွင်း လှိုင်သာယာစက်မှုဇုန်ရှိ မြေကွက်များနှင့်ဂိုဒေါင်များ အငှားအား ၃၀ ရာခိုင်နှုန်းတက်လာကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးထံမှသိရသည်။         ''အိမ်ခြံမြေအရောင်းအဝယ်မှာ ငွေဈေးလဲလှယ်နှုန်းမှာ ဒေါ်လာဈေးကပြန်တက်တယ်။ အဲ့ဒီထူးခြားမှုတွေနဲ့အတူ အရောင်းအဝယ်လေး က အရှိန်နည်းနည်းလေးနှေးသွားတယ်။ သိန်း၁၀၀၀ကနေ ၅၀၀၀၊ ၆၀၀၀အိမ်ခြံ မြေတွေအဝယ်တော့ရှိနေတယ်။ စက်မှုဇုန်အငှား အတော်တက်လာတယ်။ လှိုင်သာယာဘက်ဆိုရင် ကောက်ပဲသီးနှံသိုလှောင်ဖို့၊ အထည်ချုပ်လုပ်ငန်း၊ စက်ပစ္စည်းတွေထားဖို့စတဲ့ လုပ်ငန်းတွေအတွက် တစ်လကို ၁၀သိန်း ကနေ ၆၀-၇၀အထိ ဈေးနှုန်းတွေ ပေးငှားကြတာတွေရှိနေတယ်''ဟု မဏ္ဏိုင် အိမ်ခြံမြေကုမ္ပဏီ မှ ဦးသန်းဦးကအတည်ပြုပြောကြားသည်။ ခင်မျိုးသွယ်